manawphyulaySeptember 26, 20121min21110
ဒီနေ့တော့ မနေနိုင်လို့ ပြောချင်တာတွေ ပြောဖို့ တာစူလိုက်တာကတော့ ကျွန်မတို့ နေစဉ် ကြုံတွေ့နေတဲ့ ဈေးရောင်းသူနှင့် ဈေးဝယ်သူတွေရဲ့ ဆက်ဆံရေးကို တင်ပြချင်ပါသည်။ လူတိုင်း နေ့စဉ် ကြုံတွေ့နေရတာတွေကတော့ ဈေးဝယ်ခြင်းနှင့် ရောင်းချခြင်းကဏ္ဍရပ်ပါပဲ။ ဒီလုပ်ငန်းစဉ်ကတော့ လူတိုင်း မကြုံတဲ့သူတွေ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ မြင်တွေ့ကြုံရတာတွေကတော့ ဝယ်သူတွေအပေါ် ဆက်ဆံတဲ့ ရောင်းချသူတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်မ သုံးသပ်ကြည့်မိပါသည်။ နေ့တိုင်း တစ်နည်းမဟုတ် တစ်နည်း သင်လည်း တွေ့ဆုံနေရမှာကတော့ သင်ဟာ ဝယ်သူနေရာကနေလား ဒါမှမဟုတ် ရောင်းချသူနေရာကနေလား ဆိုတာကို သုံးသပ်ကြည့်မယ်။ ဝယ်သူနေရာက သုံးသပ်ပြီး ရောင်းချသူတွေ ဘာတွေလိုအပ်နေသလဲဆိုတာ ကျွန်မ နားလည်သလောက် ခံစားကြည့်မိသည်။ တဖြည်းဖြည်းနဲ့ ရောင်းချသူတွေရဲ့စိတ်ထားဟာ ဝယ်သူတွေ အပေါ် ဆက်ဆံတာဟာ အတော် ဆိုးဆိုးဝါးဝါး […]