ရွှေအိမ်စည်August 21, 20114min36224
စားကောင်းပြီးခံတွင်းတွေ ့မယ့် အမေ ့အလွမ်းပြေ ခပ်ဆန်းဆန်းလေးဖြစ်သွားအောင်ငရုတ်သီးချက်စားကြရအောင်နော်။ ခုလိုရာသီလေးနဲ ့အကိုက်ဖြစ်တဲ ့အပြင်အမေ ့လက်ရာဟင်းတွေ ကတော့..တန်ဖိုးမများလှပါဘူး.။ ..ကျနော်တို ့တွေ ဘယ်နိုင်ငံ ကို ပဲရောက်နေရောက်နေ.. ဘာအစားအစာတွေ ပဲ စားနေရ ပါစေ..၊ .ဘယ်လိုဘဲ အကောင်းစားြတွေ စားရပါစေ အမေ ့ဟင်းလေးတွေ ကိုတော ့မှီမယ် မထင်မိပါဘူး..။ အစပ်အဟပ်တည့်လှတဲ ့အမေ ့လက်ရာအညာဟင်းလေး တွေကို သတိရလွမ်းဆွတ်မိကြမှာပါ..။ ကဲ စပြီးလွမ်းပြီနော် လိုတဲ့ပစ္စည်းတွေကတော့… အသားတု (သို့) မြေပဲ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူ/နီ နံနံပင် ငရုတ်သီးအတောင့်ပွ အစိမ်း….. ပဲနီလေး ကြာဇံ ခရမ်းချည်သီး ပထမဆုံးအနေနဲ့ မြေပဲကိုမညက်တစ်ညက်ထောင်းပါ။ ဆီချက်သတ်ပြီးမြေပဲထောင်းထားတာကိုထည့် ရပါတယ်။ ရေနဲနဲထည့်ပါ။ မြေပဲနူးပြီးပျော့သွားအောင်အတွက်ပါ။ သတ်သတ်လွတ်အတွက်ဆိုရင်တော့ပုဇွန်ခြောက်မှုန့်မထည့်ပါနဲ့။ သတ်သတ်မလွတ်ရင်တော့ပုဇွန်ခြောက်မှုန့်တွေကိုပါထပ်ထည့်ပြီးဆီသတ်ပါ၊ အရောင်တင်၊နနွင်းမှုန့်ထည့်ပါ။ […]