manawphyulayApril 27, 20111min2589
သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့ဟောင်းရာသည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အဝန်းအဝိုင်းပုံသဏ္ဌာန်ရှိ၍ တောင်မြောက်နှစ်မိုင်ခွဲခန့်နှင့် အရှေ့အနောက်နှစ်မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့ သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှ ပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက်မြို့ရှိးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြို့ဟောင်းအတွင်း၌ ယခုအခါ ရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်းကမူ လယ်ကွက်များပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ ဗဟိုနေရာမှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်နေသေးရာ သရေခေတ္တရာထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင် နယ်နမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်း သိနိုင်လေသည်။ မြို့တွင်းအလယ်ဗဟိုလောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံအုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ […]