ပြီးခဲ့သော တနင်္လာနေ့ 12.40pm က မလေးရှားနိုင်ငံ Jalan Othman, Petaling Jaya တွင် အသက် ၅၁ နှစ်အရွယ် ကျောင်းကြိုပို့ကားမောင်းသူမှ ၁ဝ နှစ်အရွယ် ကလေးမလေးအား အခြားကလေးများရှေ့တွင်ပင် အဓမ္မကျင့်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။ မူကြိုကျောင်းဆရာမတစ်ဦးက လမ်းဘေးတွင် ရပ်ထားသော ၎င်းကားအနီးမှ ဖြတ်သွားရာတွင် ကလေးမလေး၏ အော်ဟစ် အကူအညီတောင်းသံကိုကြားရ၍ ပတ်ဝန်းကျင်မှ လူများနှင့်အတူ မုဒိမ်းသမား၏လက်မှ ကယ်တင်ခဲ့ရသည်။ ကြိုပို့ကားမောင်းသူသည် ကျောင်းကားကို လမ်းဘေးတွင်ရပ်ကာ ကြောက်ရွံ့ ထိတ်လန့်နေကြသော အခြား ကလေးငယ်များ၏ ရှေ့တွင်ပင် ကလေးမလေး၏ အဝတ်အစားများကို ချွတ်ပစ်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အနီးအနားမှ လူများရောက်လာသောအခါတွင် ကားသမားအား ရိုက်နှက်ကာ ရဲလက်သို့အပ်နိုင်ခဲ့သည်။ ကလေးမလေးအား University Malaya Medical […]