ၾကယ္ေလးDecember 21, 20101min26614
ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့ ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတေ ွ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ……………….. ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။ အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။ လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ……………… ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။ တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁ဝ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ […]


Zaw WonnaAugust 9, 20101min1002
ပြီးခဲ့သော စနေနေ့က မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Ipoh မြို့နယ်မှ Menglembu မြို့တွင် မြန်မာ အလုပ်သမား တစ်ယောက်က လုပ်ဖော်ကိုင်ဖက် မြန်မာ ၂ ဦးအား ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကြရာမှ ပုဆိန်ဖြင့် ခုတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ မနက် ၂း၁၅ ခန့်တွင် ဖြစ်ပွားသော လူသတ်မှုတွင် သေဆုံးသော အလုပ်သမား ၂ ဦးမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒါဏ်ရာများ ရရှိထားကြောင်း Perak မြို့နယ် စီအိုင်ဒီ အကြီးအကဲ Datuk Mohd Dzuraidi Ibrahim မှ ပြောကြားသည်။ လူသတ်သမားနှင့် အတူ ၎င်းတို့ နေထိုင်သော အိမ်တွင် သေဆုံးသူများနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက် များကို […]


Zaw WonnaJuly 29, 20101min1637
ပြီးခဲ့သော တနင်္လာနေ့ 12.40pm က မလေးရှားနိုင်ငံ Jalan Othman, Petaling Jaya  တွင် အသက် ၅၁ နှစ်အရွယ် ကျောင်းကြိုပို့ကားမောင်းသူမှ ၁ဝ နှစ်အရွယ် ကလေးမလေးအား အခြားကလေးများရှေ့တွင်ပင် အဓမ္မကျင့်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။ မူကြိုကျောင်းဆရာမတစ်ဦးက လမ်းဘေးတွင် ရပ်ထားသော ၎င်းကားအနီးမှ ဖြတ်သွားရာတွင် ကလေးမလေး၏ အော်ဟစ် အကူအညီတောင်းသံကိုကြားရ၍ ပတ်ဝန်းကျင်မှ လူများနှင့်အတူ မုဒိမ်းသမား၏လက်မှ ကယ်တင်ခဲ့ရသည်။ ကြိုပို့ကားမောင်းသူသည် ကျောင်းကားကို လမ်းဘေးတွင်ရပ်ကာ ကြောက်ရွံ့ ထိတ်လန့်နေကြသော အခြား ကလေးငယ်များ၏ ရှေ့တွင်ပင် ကလေးမလေး၏ အဝတ်အစားများကို ချွတ်ပစ်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အနီးအနားမှ လူများရောက်လာသောအခါတွင် ကားသမားအား ရိုက်နှက်ကာ ရဲလက်သို့အပ်နိုင်ခဲ့သည်။ ကလေးမလေးအား University Malaya Medical […]