(၁) မနက်မိုးမလင်းသေးဘူး။ ဒါပေမယ့် သူ ဒူးနှစ်လုံးထောင်ပြီး အင်တာနက်ထိုင်သုံးနေပုံက အမြင်ကပ်ချင်စရာ။ ပါဝါမျက်မှန်ကြီးတကားကားနှင့် သူ ခုတလော သိပ်အလုပ်ရှုပ်နေတယ်။ လူပုံက ပိန်နေတာ လိမ်လို့နေပြီ။ ခုတလော ကမ်းခြေက လေတွေသိပ်တိုက်တယ်ကြားရင် အလိုလိုနေရင်းစိတ်ပူမိတယ်။ ဒါကြောင့် လေအရမ်းတိုက်တဲ့ရက်တွေဆို အခန်းတံခါးတွေလိုက်လိုက်ပိတ်ရတာက အလုပ်တစ်ခု။ ဒါကို ပိုတယ်လို့ သူကထင်တယ်လေ။ ရတယ်။ ကိစ္စမရှိဘူး။ ထင်ချင်သလိုထင်။ ကြာရင် ဗေလုဝနဲ့မတူဖို့က ပိုအရေးကြီးတယ်။ ဘယ့်နှယ့် ယောကျာ်းတဲ့။ အားကိုးအားထားပြုစရာ အနေအထားကိုမရှိတာ စိတ်ညစ်စရာ။ ပြောလိုက်ရင် မိုးလားလေလား ကဲနေတာက သူ။ ပြီးတော့ ချာလိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။ ဒါပဲ စာရေးဆရာလို့ သူ့ကိုယ်သူ မော်ကြွားနေတဲ့ သူ စာ ဆိုလို့ တစ်လုံးဆို တစ်လုံးမှ မရေးဖြစ်နေဘူးလေ။ ဒီမနက်တော့ စောစောစီးစီး […]