ဒေါ်ခင်ရီက တီဗွီခန်းထဲတွင် အေးအေးလူလူ လက်ဖက်သုတ် ထိုင်စားနေသော ချွေးမ မစန္ဒာကိုကြည့်ပြီး နုတ်ခမ်းက အလိုလိုနေရင်း ရွဲ့သွား၏။”တတ်လည်း တတ်နိုင်တဲ့ မိန်းမ”ဟု စိတ်ထဲကပြောရင်း အိမ်ရှေ့ဆိုင်လေးထဲ ကူးလာခဲ့သည်။ ဒေါ်ခင်ရီက ဆိုင်ထဲရှိ ဆန်အိတ်များကို ကြည့်ပြီး စိတ်အလိုမကျဖြစ်ရပြန်သေးသည်။ ဆန်အိတ်။ “တရားခံက ဒီဆန်အိတ်တွေပဲ”ဟုရေရွှတ်ရင်း နောက်ကျောက တီဗွီခန်းကို လည်ပြန်ကြည့်လိုက်သေးသည်။ ပြီးတော့ တကိုယ်တည်းရေရွတ်သလိုမျိုးနှင့်- “ဒီဆန်အိတ်တွေ လက်ခံထားမိတာကိုက ဂြိုဟ်ဆိုးဝင်သလိုပဲ ရောင်းမထွက် ပြုမထွက်နဲ့ ပစ္စည်း အဝင်မတော်ဘူးထင်ပါရဲ့” ဟုပြောတော့ တီဗွီခန်းထဲရှိ ချွေးမ မစန္ဒာက ဆိုင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး တစ်ချက်မဲ့လိုက်၏။ ထို့နောက် တီဗွီဘက်ပြန်လှည့်ပြီး – “ယောက္ခမတွေများ ဒီလိုချည်းပဲလား မသိပါဘူး”ဟု စိတ်ထဲပြောလိုက်မိသည်။ (၁) “ချွေးမရေ ဒီတစ်ခေါက် ယောက္ခမကို ခဏ […]