moonpoemMay 11, 20141min1756
တဖွဲဖွဲတဖြောက်ဖြောက် ဖြင့်ကျနေသော မိုးရေစက်တို ့သည် ကောင်းကင်မှသည် စိန်ပန်းနီနီတို ့ကြား၊ ငုဝါပန်းတို ့ကြားမှ တိုးလျှိုးဝင်ရောက်ကာ ကမာ္ဘမြေကြီးကို လာရောက်နှုတ်ဆက်ကြလေသည်။ မိုးရေစက်တို ့နှင့်အတူ ပန်းအလှရောင်စုံ၊ စိမ်းလန်းသောမြက်ခင်းတို ့သည်လည်း သက်ဝင်လှုပ်ရှားလာလေရာ သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြည့်လို့ကောင်းသော ရုပ်ရှင်ဇာတ်လမ်းတစ်ခုပမာ ။ မိုးစက်တို ့တည်ရှိရာ ကောင်းကင်ထက်သို မော့အကြည့် မျက်ဝန်းအိမ်သည် မိုးရေစက်အချို ့တို ့ကြောင့် စိုစွတ်ဝေဝါးလာလေသည်။ဝေဝါးနေသော မျက်ဝန်းတို ့တွင်တော့ မြင်ယောင်နေမိသည်က အတိတ်က မိုး နေ ့များဆီသို ့…..။ ထစ်ချုန်းမိုးရွာသွန်းသော မိုးနေ ့လယ်ခင်းတစ်ခုတွင် ကျွန်မနှင့်သူ စတင် တွေ ့ဆုံခဲ့ကြသည်။ မိုးနေ ့များတွင်မိုးရွာထဲ လျှောက်သွားရခြင်းသည် နွေ နေ ့များတွင် နေပူပူထဲ သွားရခြင်းထက် […]