moonpoemAugust 11, 20111min25918
ကျွန်မတို ့ဘိုးဘွားခေတ်တွေတုံးကပေါ့ ကျွန်မအဘိုးက ကျွန်မအဘွားကို ရဖို ့၃နှစ်၃မိုးတောင် မဟုတ်ဘူး။ ၄နှစ် ၄မိုးကြိုးစားရပါတယ်တဲ့။ ချစ်သူဖြစ်ပြန်တော့ တစ်ခါတစ်ခါတွေ ့ဖို့ တော်တော်စောင့်ရတယ်တဲ့။ မိုးတွင်းရေကြီးနေတာတောင် ညနေဘက်ချိန်းရင် လှေမအားတဲ့အခါ ရေကူးပြီး သွားတွေ ့ရသတဲ့။ ရေကူးပြီး သွားတော့ ဖျားမှာစိုးလို ့အဘွားက နာရီဝက်ထက် ပိုပြီး တွေ ့ခွင့်မပေးပါဘူး။ သူတို ့တွေ ချစ်သက်တမ်း ၄နှစ်အလွန်မှာ နှစ်ဘက်မိဘတွေ ဖွင့်ပြောပြီး အဘိုးကအဘွားကို လက်ထပ်ခဲ့ပါတယ်။ အားလုံးပေါင်း အဘိ်ုးက အဘွားကို လက်ထပ်ခွင့် ရဖို ့၈နှစ် အချိန်ပေးခဲ့ရပါတယ်။ ကျွန်မအဖေကျတော့ တက္ကသိုလ်မှာ မေမေနဲ ့တွေ ့ပါတယ်။ ပထမနှစ်မှာ ဖွင့်ပြောပြီး ဒုတိယနှစ်မှာ ချစ်သူဖြစ်ခဲ့ပေမယ့် ကျောင်းပြီး တစ်နှစ်နေမှလက်ထပ်ဖြစ်ကြတာဆိုတော့ အားလုံးပေါင်း ၅နှစ်ပေါ့နော်။ […]