– – +++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++   လောကကြီးထဲ ဝင်လာတုန်းကပေါ့… နာကျင်မှုကို သူမမှု ဝါး…ဆိုတဲ့ ငိုသံနောက်မှာ ပီတိတွေအကုန်စုလို့ ငါ့ကို မွေးဖွားပေးခဲ့တယ်…။ လူလားမြောက်လာချိန်မှာပေါ့… မေတ္တာနို့ရည်ကို တိုက်ကျွေး ရင်ငွေ့နွေးကြားက ငါ့အပေါ် အပြုံးပန်းတွေ ဝေချလို့ ချစ်မဝဖြစ်ခဲ့ပြန်တယ်…။ ကျောင်းတက်စအချိန်မှာပေါ့… ဖြူစိမ်းဝတ်စုံ ပါးကွက်ကျား စုတ်ဖွားလွတ်အိတ်နဲ့ ကျောင်းသူကြီးကို ရှုမငြီးဖွယ် တစိမ့်စိမ့်ကြည့်လို့ ကြည်နူးခဲ့ရပြန်တယ်…။ ပညာသင်ချိန်ကာလမှာပေ့ါ… လိုအပ်တာ အကုန်ဖြည့်ဆည်း “ငါ့သမီး စာကျက်နေရင် ပြီးရော” တဲ့… စာအံသံတွေ နားဆင်ရင်း ဘဝအမောတွေလည်း ပြေခဲ့ရပေါ့…။ ဆယ်ကျော်သက်အရွယ်မှာပေါ့… အရာရာကို နားလည်ပေးလို့ “အမေသာ သူငယ်ချင်းကောင်းပါ” တဲ့… အကြောင်းအကျိုးခွဲခြားတတ်ဖို့ မနားတမ်း သွန်သင်ခဲ့ပြန်တယ်…။ မြို့တော်ကြီးကို စေလွှတ်ကာနီးပေါ့… “ငါ့သမီးတက်လမ်းအတွက်ဆို ခွဲနိုင်ပါတယ်” တဲ့… […]


                  ************* ************* ကံတရားရယ်.. ဒဏ်ရာတွေပဲ ပေးနေလေသလား… ဖွင့်သာမေးလိုက်ချင်တယ်.. ရင်နဲ့လည်း မဆန့်တော့ဘူး မျှော်လင့်ချက်ဆိုတာ စာရေးလို့ပဲ ကောင်းတာပါ.. မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက် ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား နံရံပါးကြားမှာ မွန်းကျပ်နေပြီ… ကိုယ့်ကိုကိုယ်မုန်းမိတယ်… အပြုံးတွေကြား တိုးဝင်မိတာ.. စကားတွေကြား မျောပါမိတာ.. တည်ငြိမ်ကာစ ငါ့ဘဝလေး မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ… နေသားကျနေရင်းနဲ့ မနေတတ်တော့သလို ဖြစ်သွားတာ… ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်… ဒီအတိုင်း ဆက်နေပါ.. တစ်ယောက်တည်း ရပ်တည်ပါ… ဘယ်သူ့ကိုမှ မလိုအပ်နဲ့.. အပိုတွေ လျှောက်မတွေးနဲ့… တွေဝေမှုတွေကို ရပ်လိုက်ပါ.. ပြီးတော့…တောင်းပန်ပါရစေ.. ကျေးဇူးပြုပြီး.. နင့်ဘက်ကလည်း ရပ်ထားပေးပါ ငါမျှော်လင့်မိမယ့် […]


Sunday ရောက်ပြန်ပြီ… အလွမ်းမျက်ရည်ပေါက်တွေနဲ့ အသည်းနှလုံး ပျောက်သွားသလိုပဲ…   မေ့နေလောက်ပြီ ထင်ပါရဲ့… တစ်နေ့လုံး ဖုန်းပြောခဲ့တဲ့ Sunday ခဏခဏ ရန်ဖြစ်ကြတဲ့ Sunday ခဏခဏ ပြန်ချော့ကြတဲ့ Sunday လွမ်းနေမိတယ် ချစ်သူ…   ကြမ်းတမ်းတဲ့ စကားလုံးတွေ အခုထိ ကြားယောင်နေတုန်းပဲ.. အကြောင်းမသိလို့ပါ တဲ့လား…   ဘာအကြောင်းပါလိမ့် ချစ်သူ.. ငါ့ပတ်ဝန်းကျင်နဲ့ မပေါင်းဖူးဘဲ… ငါ့အကြောင်းလည်း မစုံစမ်းဖူးဘဲ… “ဘူး” ဆိုတာကို အကြောင်းပြလို့ ငါ့အချစ်ကို နင်းချေ ငါ့မာနကို ရိုက်ချိုး ရိုးနေတဲ့ အထာတွေနဲ့ မိဘစကား နားထောင်တဲ့သား တဲ့လား ထားခံခဲ့ရတဲ့ ငါ့မှာသာ ဘဝကြီးက ခါးလို့…   နားလည်ပေးခဲ့ပါတယ်… ဘေးကျပ်နံကျပ် ခံစားချက်ကို ချစ်ရက်နဲ့သာ ထားသွားခဲ့ရင် […]


– – – – – – – – – – နှစ်ထောင့်ဆယ့်သုံး အပြုံးလေးနဲ့ ကြိုရအောင်… ထားခဲ့ကြစို့.. အရုံးတွေ…အမုန်းတွေ… ချုံးပွဲချငိုဖူးတာတွေ အဆုံးမဲ့ကြေကွဲမှုတွေ… ပျိုမျစ်ခြင်းတွေ ရင့်ကျက်ချိန် ခြေလှမ်းသစ်နဲ့ စတင်မယ် အမှားတွေ နည်းမိသွားဖို့ ချစ်ခြင်းတွေ ဖြန့်ကျက်ထားဖို့… ဘဝမြစ်က မရေရာဘူး နှစ်သစ်နဲ့ ကြုံရပြန်ပြီ ဆုံခွင့်ရတာ ကျေးဇူးပါ… အတိတ်မှာ အများကြီးပဲ အမှားတွေကို သင်ခန်းစာယူ ယုံကြည်မှုအတူဆက်လို့ နှစ်သစ်ကို ချီတက်ကြမယ်.. Happy New Year…။ ။ ***ရွာသူရွာသားအားလုံးကို နှစ်သစ်မှာပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်… ကဗျာလေးကို မနန်းတော်ရာသူရဲ့လက်ရာ ပုံလေးတွေနဲ့ တွဲပြီး ခံစားပေးပါလို့.. ချစ်တဲ့ လုံမလေး.. +++++++++++++++++++++  


လူတွေ..လူတွေ.. ငါကပဲ မတူတာလား… ဘယ်သူ့ကိုမှ နားမလည်ဘူး..   အားငယ်တတ်တဲ့သူ တဲ့.. အားပေးခဲ့ဖူးပါတယ်… စေတနာကို အမှားထင်တတ်တော့ သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…   စီနီယာလူကြီးပါ တဲ့.. အပိုးကျိုးပြီး နာခံဖူးပါတယ်… တာဝန်ဆို ရှောင်ထွက်သွားတော့.. နာမည်တွင်သွားတယ်…ဖိုက်တာတဲ့…   အပြောချိုချိုလေးနဲ့တစ်ယောက်.. စိတ်ထားလေး သိပ်ကောင်းတယ်လို့… ပေါင်းတာကြာမှ သိလိုက်ရတယ်… ပါးစပ်ဘုရား..လက်ကားယားလို့…   အလုပ်ထဲမှာ ပျော်နေမိတယ်… ငြိစရာလည်း မရှိဘူးရယ်လု့ိ… ခံရခက်မှ သိလိုက်ရတယ်.. ပါစင်နယ်နဲ့ ရောတတ်သူတွေကို…   အတွေးတွေနဲ့ ဗျာများလာတယ်.. ငါကပဲ မှားနေပြီလား… အများနဲ့တစ်ယောက်… စဉ်းစားရင်းနဲ့ ဂေါက်တော့မယ်… ….


ဒီနေ့ တကယ်ဆို မေ့နေသင့်တယ်…   နှစ်တိုင်း ဒီလိုညနေ နင့်ကို ဖုန်းတွေခေါ်ခဲ့တယ်… မနက်ဖြန်အတွက် Happy Birthday ပါလို့…   နှစ်တိုင်း ဒီလိုညမှာ ၁၂ နာရီကျော်အောင် ထိုင်စောင့်ဖူးတယ်… Happy Birthday ကို တိုးတိုးလေးပြောဖို့…   နှစ်တိုင်း မနက်ဖြန်ဆို အစောကြီးဖုန်းဆက်ခဲ့တယ်… ပထမဆုံးမွေးနေ့ဆုတောင်းပြောဖို့…   နှစ်တိုင်း မနက်ဖြန်ညနေဆို နင့်ဆီကို ရောက်အောင်လာတယ်… တန်ဖိုးမကြီးလှတဲ့ မွေးနေ့လက်ဆောင်ပေးဖို့…   ငါ့မှတ်ဉာဏ်တွေရယ်… ကျေးဇူးပြုပြီး မေ့သွားပေးပါ… သူချစ်တဲ့သူ…သူ့ကိုချစ်တဲ့သူ… ပြီးပြည့်စုံနေတဲ့ သူ့ကို… ငါ့အိပ်မက်ထဲ ရောက်ရောက်လာတဲ့ သူ့ကို… ငါ့ကိုမေ့နေမယ့် သူ့ကို… မနက်ဖြန်မှာ ပျော်နေမယ့် သူ့ကို… ပြီးတော့… သူနဲ့ပတ်သက်တဲ့ အရာရာအာလုံးကို… ….။ ။


အိမ်မှာ အမှားလုပ်ရင် အမေက ရိုက်တယ် ပါးပါးလေးပါပဲ။ ကျောင်းမှာ အမှားလုပ်ရင် ဆရာမက ရိုက်တယ် ပါးပါးလေးပါပဲ။ ဘဝမှာ အမှားဖြစ်တော့ လောကကြီးက ရိုက်တယ် ရိုက်ချက်က ပြင်းလိုက်တာ… သိလို့ပဲ မှားမှား မသိလို့ပဲ မှားမှား မှားတာနဲ့ ခံရမယ်တဲ့။ ဒီလိုနဲ့ပဲ… အမှားတွေ တစ်ခုပြီးတစ်ခု သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု အမှားထဲက သင်ခန်းစာယူ ငါလည်းပဲ… လူထဲကလူ…။ ။


မတွေ့တာကြာသမို့ မေ့များနေလားလို့ စိုးရိမ်စိတ်ပွားမိတယ်။ အချိန်တိုင်းသတိရ သတိရတိုင်းလွမ်း လွမ်းတိုင်းလည်း ငိုမိတယ်။ ပိုတယ်လို့တော့ မထင်ပါနဲ့ ရင်မှာခံစားရတာက နွေတစ်ရာမကသလိုပါပဲ။ အခုတော့လည်း… ကုဋေကုဋာအလွမ်းတွေကို ရင်မှာပိုက်ထွေးရင်း သက်ပြင်းတွေနဲ့မော…။   ။


လေကလေးက တဖြူးဖြူး စိတ်ကူးလေးက တလွင့်လွင့် ဟိုး…ပင်မြင်ဆီက နွေဥဩတေးသီသံ ကြားရပြန်တော့ စိတ်ထဲမှာ အလိုမကျနဲ့ (ဘာကြောင့်ရယ်မသိ) လွမ်းနေမိ၏။  ။


နီးနီးလေးနဲ့ ဝေးနေတာ ငါတို့နှစ်ယောက်လား…။ သူငယ်ချင်းဆိုတဲ့ စည်းတစ်ဖက်စီမှာ ငါတို့ နှလုံးသားတွေ သေဆုံးခဲ့ရတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါတို့မျက်ဝန်းတွေကို မေ့ပစ်ခဲ့ရတယ်။ မျိုသိပ်ခြင်းတဲ့… အပြောလွယ်သလောက် အလုပ်ခက်လိုက်တာဟာ။ တမ်းတခြင်းတွေ အပြည့်နဲ့ ငါ့ရင်တစ်ခုလုံး နာကျင်နေပြီ ကံတရားရယ်… နောင်ဘဝမှာတော့ ဆုံစည်းပါရစေ…။  ။


ဘဝခရီးကြမ်း ငါတစ်ယောက်တည်း လျှောက်လှမ်းချိန် အတိတ်က သူငယ်ချင်းဘဝ ပြန်တမ်းတမိတယ်…။ အသာအနာမပါဘဲ ဖြူစင်စွာ ခင်မင်ခဲ့တာ၊ ခံစားချက်တွေ ရင်ဖွင့်လို့ ပွင့်လင်းစွာ တိုင်ပင်ခဲ့တာ၊ ဘယ်အခါဆုံဆုံ မကုန်နိုင်တဲ့ စကားတွေနဲ့ ကြုံသမျှကို ပြောပြခဲ့တာ၊ (အခုတော့…) ဒါတွေအားလုံးကို ငါတို့ ဆုံးရှုံးခဲ့ပြီနော်…။ ပတ်ဝန်းကျင်ရဲ့ဒဏ် ငါတို့ရဲ့ကံတွေက ကွဲကွာခြင်းဆိုတဲ့ လမ်းကို ပို့ပေးလိုက်တယ်လေ…။ သူငယ်ချင်းတို့ရယ်… ကျောင်းပိတ်ချိန်တောင် ပြန်မဆုံနိုင်အောင် ငါတို့ရဲ့ရေစက်က ကုန်ဆုံးသွားခဲ့ပြီလား…။ အတူတူထိုင်ခဲ့တဲ့ Cupid ဆိုင် အားတိုင်းသွားခဲ့တဲ့ ဒေးဒရဲတံတား ပျော်ရွှင်စွာလှမ်းခဲ့တဲ့ ပေါ်တော်မူလမ်း အလွမ်းပြေ ငါသွားရင်း နင်တို့တွေကို တမ်းတမိတယ်…။ ငါ့ဆုတောင်းသာ ပြည့်မယ်ဆိုရင် အရင်ကဘဝ ခဏဖြစ်ဖြစ် ပြန်ရပါစေလို့ လေးနက်စွာ ဆုတောင်းရင်း…။ ။


‘ပျော်ရာမှာမနေ တော်ရာမှာနေ’ တဲ့။ ပျော်နေသင့်ပါပြီ အခုတော့… နေသားတောင်မကျသေးဘူး။ ငါကပဲ ပျော့ညံ့တာလား… ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့တာ တစ်ယောက်တည်း နေနိုင်မယ်လို့လေ။ တကယ်တမ်းတော့… ဝိုင်ဝိုင်းရဲ့ ‘အိမ်လွမ်းသူ’ က ငါ့အတွက်များလား။ ဟင်းကောင်းတွေရှေ့ချပြီး အိမ်က ငါးပိရည်ကို လွမ်းမိတယ်။ မနက်စာမေ့နေတာကြာပြီ အိမ်နားက မုန့်ဟင်းခါးပဲ စားချင်လို့။ ဘတ်စ်ကားတွေ တိုးမစီးချင်ဘူး စက်ဘီးလေးနဲ့ လျှောက်လိမ့်ချင်တယ်။ နီယွန်မီးတွေအောက်မှာ မနေချင်ဘူး လရောင်အောက်ကညကို တမ်းတမိတယ်။ တစ်ယောက်တည်း ပင်ပန်းနေချိန် အမေ့ရင်ခွင်ကို လွမ်းလိုက်တာ အလိုလိုနေရင်း ငိုချင်တယ်။ ငါ အရမ်း ပျော့ညံ့ပါတယ်… ဒါပေမယ့်လည်း… ထပ်တူမကျနိုင်တော့တဲ့ ဘဝခရီးလမ်းကိုတော့ အားတင်းလို့ ဆက်လျှောက်ရဦးမယ်…။ ။


ဘဝနာရီ လည်မည်ပတ်မည် အရီ (ရယ်) မလွန်ကြစေနှင့်…။ **ဒီကဗျာလေးက သောကြာစာစောင်မှာ ပါဖူးပါတယ်။ ဒါပေမယ့် အယ်ဒီတာရဲ့ အယူအဆနဲ့ မွန် ပြောချင်တာနဲ့က လွဲနေတယ်။ ရွာသားတွေလည်း ဘယ်လိုယူဆလည်းဆိုတာ သိချင်ပါတယ်။ အယ်ဒီတာနဲ့ တူနေတယ်ဆိုရင်တော့ မွန်က ကိုယ် ပြောချင်တာကို ပေါ်အောင် မရေးနိုင်လို့ပဲ။