၂၀၀ရ ခုနှစ် စက်တင်ဘာလမှာ ကျွန်မတို့ တက္ကသိုလ်ပထမနှစ် နောက်ဆုံးစာမေးပွဲ ဖြေရပါတယ်။ အဲဒီအချိန်မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျောင်းပိတ်ချိန်ကို တစ်လထပ်တိုးပြီး ၂၀၀ရ ခုနှစ် ဒီဇင်ဘာလမှာ ဒုတိယနှစ် ပြန်တက်ရမယ့်အစား ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာမှ ကျောင်းပြန်တက်ရပါတယ်။ မတ်လကုန်မှာ စာသင်နှစ်ဝက် ကျောင်းပြန်ပိတ်တော့ စာသင်ချိန် (၃) လတည်းရှိတဲ့အတွက် ပထမနှစ်ဝက်စာမေးပွဲကို ဇွန်လကျောင်းပြန်တက်မှ ဖြေရမယ်ဆိုလို့ စာအုပ်တွေတစ်ထပ်ကို ပိုက်ပြီး ပြည်တော်ပြန်ရပါတော့တယ်။ ၂၀၀၈ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ အဘွားဆုံးပါတယ်။ ကျွန်မအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါပဲ။ အမေက မောင်လေးကို ထပ်မွေးတော့ ကျွန်မအသက်က တစ်နှစ်ကျော်ကျော်လေးရယ်။ အဲဒီအချိန်ကတည်း နို့ဖြတ်ပြီး အဘွားနဲ့ အိပ်ခဲ့ရတာပါ။ အဘွား ဘယ်သွားသွား တောင်ဝှေးလိုပဲ လိုက်ခဲ့ရတယ်။ ဆယ်တန်းအောင်လို့ […]