================================= ကဗျာပြခန်း ( ၁) – https://myanmargazette.net/176843 ကဗျာပြခန်း ( ၂) – https://myanmargazette.net/177632 ကဗျာပြခန်း ( ၃) – https://myanmargazette.net/178437 ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ – https://myanmargazette.net/178698 =================================   “မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲ”   ဖွင့်ပွဲနေ့ဖြစ်သောကြောင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အနည်းငယ်ထူးခြားချက်ကား ရပ်ဝေးရောက်နေ့ ရွာသူားများပါ ပြန်ရောက်နေကြခြင်းပင်ဖြစ်သည်။ ဇူလိုင်လထဲတွင် ကျင်းပမည့် ရွာတွေ့ဆုံပွဲအတွက် ပြန်လာကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် လူစုံတက်စုံတက်ရောက်မည့် ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကား အနည်းငယ် ပို၍စည်ကားနေသယောင် ရှိလေသည်။ ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကို ယခင်ပြခန်းများနည်းတူ ရွာထိပ်မှ အစည်းအဝေးခန်းမတွင် ကျင်းပရန် ပြင်ဆင်ထားသည်။ […]


နည်းနည်းလောက်ပေါက်ကွဲခွင့်ပြုကြပါ။ စိတ်ထဲမှာလည်း တော်တော်လေး မွန်းကျပ်နေလို့ပါ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုလျော့သလို ဖြစ်နေပါတယ်။ အလုပ်အကြောင်းလေး ရင်ဖွင့်ပါရစေရှင်။   ခရီးသွားလုပ်ငန်းရဲ့ High Season ကတော့ ဧပြီလ ၃ဝ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပါပြီ။ မေလကနေ စက်တင်ဘာလအထိကိုတော့ Off Season (တနည်းအားဖြင့် Low Season) လို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုမိုးရာသီအစမှာ ခရီးသည်တွေ လျော့နည်းစပြုလာပြီ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ခရီးသွားကုမ္ပဏီတွေလည်း ကုန်ဆုံးသွားတဲ့ကာလက စာရင်းတွေကိုရှင်း၊ လာမယ့် ခရီးသွားရာသီအတွက် ပြင်ဆင်ကြနဲ့ ထူးထူးခြားခြား အလုပ်ပါးသွားတယ်ရယ်လို့တော့ မရှိပါဘူး။ (မိုးတွင်းဧည့်သည်များတဲ့ တစ်ချို့ကုမ္ပဏီတွေကတော့ အလုပ်များနေမယ်လို့ ထင်ပါတယ်။)   ပြီးခဲ့တဲ့ရာသီတစ်ခုလုံးကို စိတ်မောလူမောနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ အခန်း booking တွေမရတာ၊ လေယာဉ် booking […]


ဒီအပိုင်းမှာတော့ ကြုံခဲ့ရတဲ့ လူတွေအကြောင်းကို ပြောပြပါမယ်။ သူများအကြောင်းတွေပြောမယ်ဆိုတော့ အတင်းလိုမျိုးများ ဖြစ်မလားလို့ တွေးမိပါသေးတယ်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြန်ရင်လည်း ပြီးပြည့်စုံနေတဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် သီလစောင့်ထိန်းတဲ့အချိန်တစ်လျှောက်လုံး ကျွန်မတို့သူငယ်ချင်းတွေစုပြီး စကားပြောကြတဲ့အတွက် သီလတစ်ပါးကျိုးတယ်လို့များ ပြောလို့ရမလားတော့ မသိပါဘူး။ မျက်စိရှေ့မြင်နေတာတွေကိုတော့ ကြည့်ပြီး ပြောဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ဒီတော့ ဒါလေးတွေကိုပဲ ပြန်ပြီး ဖောက်သည်ချပါရစေ။   ပထမဆုံးကတော့ လူငယ်တွေများတဲ့အလျောက် စကားတွေအသားကုန်ပြောကြတာပါ။ လူများတဲ့အတွက် အသံတွေက ဆူနေပါတော့တယ်။ ကျွန်မတို့လည်း စကားပြောတဲ့အထဲမှာ ပါပါတယ်။ နာရီဝက်နားချိန်ပေးရင် စင်္ကြံမလျှောက်ဖြစ်ပါဘူး။ အစကတော့ လျှောက်မလို့ ကြိုးစားကြည့်ပါသေးတယ်။ ပတ်ဝန်းကျင်က လှုပ်လှုပ်ရွရွ၊ စကားသံတွေကကြားနေရဆိုတော့ အမှတ်မကပ်နိုင်တာနဲ့ပဲ မလျှောက်ဖြစ်တော့ပါဘူး။ လူငယ်များတယ်ဆိုတဲ့နေရာမှာ ယောက်ျားလေးက (၁၀၀)ကျော်လောက်ရှိပါတယ်။ အက်ဆစ်သံကြားလို့ အိမ်ကအတင်းပို့တာကြောင့် ရောက်လာကြပုံပါပဲ။ ဘာလို့လဲဆိုတော့ တစ်ရက်နှစ်ရက်အတွင်းမှာ တဖွဲဖွဲပြန်သွားကြလို့ပါ။ […]


              ……………….. ……………….. ……………….. တရားစခန်းသို့ တစ်ခေါက် (၁) https://myanmargazette.net/173951/creative-writing ……………….. ……………….. ………………..   ဆရာဦးရဲမြင့်က ပဋိစ္စသမုပ္ပာဒ်သင်တန်းတရားကို သင်ပါတယ်။ ဆရာဦးမောင်မောင်ကတော့ မဟာသတိပဌာန်တရားနဲ့ လိုရင်းတိုရှင်းဝိပဿနာတရားတို့ကို သင်ပါတယ်။ ဆရာနှစ်ယောက်စလုံးက သင်ကြားပေးတာ အရမ်းကောင်းပါတယ်။ ဆရာဦးရဲမြင့်ကတော့ မိုးကုတ်တရားအတိုင်း ပဋိစ္စသမုပ္ပာဒ်လည်ပုံပြတ်ပုံတွေကို အပြင်ဗဟုသုတတွေနဲ့ရော၊ စက်ဝိုင်းနဲ့ရော အသေအချာသင်ပေးပါတယ်။ လေယူလေသိမ်းကတော့ ဆရာတော်တွေတရားဟောတဲ့လေသံနဲ့ တူပါတယ်။ ဆရာဦးမောင်မောင်ကတော့ အပြည်ပြည်ဆိုင်ရာဓမ္မစက္ကဖောင်ဒေးရှင်း (I.D.F) ကဖြစ်တဲ့အတွက် ဘာသာရေးအသိတွေ၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့တွေ၊ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သိပ္ပံနည်းကျတဲ့အကြောင်းတွေ စတဲ့ ဗဟုသုတတွေကို ထည့်သွင်းပြောကြားတဲ့အတွက် ကျွန်မတို့လို ဘာမှမသိသေးတဲ့လူငယ်တွေအတွက်ကတော့ တကယ့်ကို မှတ်သားစရာပညာတွေပါပဲ။ ဆရာရဲ့စာအုပ်တွေကိုလည်း ပြန်ကြားရေးဌာနမှာ ဝယ်လို့ရပါတယ်။ အခွေတွေလည်း ရှိပါတယ်။ တကယ်တော့ […]


                ခေါင်းစဉ်ကိုကြည့်ပြီး မွန်မွန်တစ်ယောက် တရားပဲဟောတော့မလား၊ ဒါမှမဟုတ် တရားပဲပေါက်သွားပြီလား၊ ဘာလားညာလား မထင်လိုက်ပါနဲ့နော်။ ဒုတိယအကြိမ်ဆိုပေမယ့် ပထမအကြိမ်လို ဖြစ်နေလို့ပါ။ ပထမအကြိမ်တုန်းက ဆယ်တန်းဖြေပြီးတဲ့အချိန်ဆိုတော့ ကလေးသာသာ ဘာမှအာရုံမရှိဘဲ တရားစခန်းဝင်တာဆိုတော့ အခုနေပြန်တွေးကြည့်ရင် ဘာမှမမှတ်မိတော့ဘူး။ ဆိုတော့ ကျွန်မအတွက် ပထမဆုံးအကြိမ်အတွေ့အကြုံတွေကို အရမ်းပြောပြချင်လို့ပါ။ အခုမှ သေချာဝင်ဖူးတာဆိုတော့ ကိုယ့်အတွက် အသစ်ဖြစ်နေတာလည်း ပါတာပေါ့နော်။ ရွာထဲမှာ ဖောက်သည်ပြန်ချတာပါ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ အားနာပါးနာနဲ့ ဖတ်ပေးကြပါဦးနော်။   ပိတ်ရက်ဆိုရင် နယ်ပြန်ချင်တာ ရွရွတက်နေတဲ့ ကျွန်မတစ်ယောက် ဒီနှစ် သင်္ကြန်ပိတ်ရက်ရှည်မှာ အိမ်ပြန်ချင်စိတ်မရှိတာ နည်းနည်းထူးခြားတယ်ရှင့်။ သူငယ်ချင်းတွေကတော့ ပြောကြပါတယ်.. ဟိုလူမရှိလို့ ပြန်မလာတာမို့လား၊ ဒီလူမရှိလု့ိ မပျော်နိုင်တာမို့လား၊ […]


ဆုတောင်းခဲ့ဖူးပါသည်… (၁)   https://myanmargazette.net/171969/creative-writing ဆုတောင်းခဲ့ဖူးပါသည်… (၂)   https://myanmargazette.net/172279/creative-writing ………………………………   အခန်း (၆)   မဟုတ်ပါစေနှင့် ဟု အကြိမ်ကြိမ်ဆုတောင်းထားခဲ့သော်လည်း သေချာမှုတစ်ခုကတော့ အိမ်အပြန်တွင် စောင့်ကြိုနေခဲ့ပါသည်။   “ငါ နေ့ခင်းက ကိုဖြိုးနဲ့ ဖုန်းပြောတယ် ခင်လေး..” “ဘာတဲ့လဲဟင်” “သူ မြင်မြင်ချင်း သဘောကျသွားတယ်တဲ့… နောက် တကယ်ချစ်မိသွားတယ်တဲ့… ” “အော်.. အဲ့လောက်တောင်မှလား…” “အင်း… ငါ ပြောတော့ပြောလိုက်ပါတယ်… ခင်လေး ဘယ်လောက်တောင် ခံစားရမလဲ နင်မသိဘူးလားဆိုတော့… သူ မထင်ရက်ပါဘူးတဲ့… ” “နင်တို့တောင် သိနေတဲ့ ငါ့သံယောဇဉ်တွေကို သူမမြင်ခဲ့ဘူးပေါ့…” “သူက ပြောတယ်.. တစ်ခါတစ်ခါတော့ သူလည်း အဲဒီလို ခံစားရပါတယ်တဲ့.. ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ သာမန်ထက်ပိုတဲ့ […]


– – ++++++++++++++++++++++++++++++++++++++++++ ဆုတောင်းခဲ့ဖူးပါသည်… (၁)   https://myanmargazette.net/171969/creative-writing ++++++++++++++++++++++++++++++++++++++++++   အခန်း (၄)   မမနွေး… နာမည်အပြည်အစုံက နွေးရတီဝင်း။ အသားဖြူဖြူ၊ လူကောင်ခပ်သေးသေးနှင့် ချစ်စရာကောင်းသော တိုင်းရင်းသူ မမနွေးက ခင်လေးတို့ထက် (၃) နှစ်ကြီးပါသည်ဆိုလျှင် မည်သူကမျှ မယုံချင်ကြပါ။   ကျောင်းပြီးလို့ ဘွဲ့ရပြီးချိန်တွင် နေခြည်က အဆောင်နေပြီး သင်တန်းတက်သည်။ နောက်ပိုင်းတွင် သီးသန့်နေတတ်သည့် နေခြည်က အဆောင်မနေချင်တော့ပါဟုဆိုတော့ ခင်လေးတို့ တစ်နယ်တည်းက သူငယ်ချင်းတွေစုပြီး တိုက်ခန်းငှားနေကြသည်။ ထိုအခါ နေခြည်နှင့် တစ်ဆောင်တည်းနေခဲ့သည် မမနွေးကပါ ခင်လေးတို့ဆီ ပါလာခဲ့တော့သည်။   မမနွေးကို ခင်လေး ချစ်ပါသည်။ သမီးကြီးဖြစ်သည့် ခင်လေးအတွက်ကတော့ အစ်မတစ်ယောက် ကောက်ရသကဲ့သို့ပင်။ မမနွေးကလည်း နွဲ့ဆိုးဆိုးတတ်သည့် နေခြည့်ကို […]


အခန်း (၁)   “ခင်လေး သူ့ကို သိပ်ချစ်တယ် အစ်မ…. အစ်မ သိတယ်မို့လားဟင်…”   ကြည်နူးစွာပြောလိုက်သည့် ခင်လေးကို မမနွေးက ပြုံးပြီးကြည့်လိုက်ပါသည်။   “အစ်မ သိတာပေါ့ ညီမလေးရယ်… သူ့အကြောင်းပြောရင် ညီမလေးပြုံးနေတာ… အချိန်ပြည့် သူနဲ့ တွေ့ချင်နေတာ… ဖုန်းတွေပြောချင်တာ… သူနဲ့စရင် ရှက်ကိုးရှက်ကန်းဖြစ်နေတာ… အစ်မ ရိပ်မိပါတယ်… နောက်ဆုံးတော့ အစ်မကို ပြောပြပြီပေါ့…” “ခင်လေး သူ့ကို ချစ်တယ်ဆိုတာ ဘယ်သူ့ကိုမဆို ပြောပြရဲပါတယ်… ချစ်တယ်ဆိုတာ ရှက်စရာလို့လည်း ဘယ်တော့မှ မတွေးခဲ့မိပါဘူး… တစ်ခုပဲ… ဒါကို သူရိပ်မိတယ်ဆိုရင်တောင် တရားဝင်မသိစေချင်ဘူး… သူ့ကို တရားဝင်သွားပြောမယ့်သူတွေကိုတော့ မပြောဖြစ်ပါဘူး…” “သူသိတော့ ပိုမကောင်းဘူးလား ညီမလေးရယ်…” “ခင်လေး ကြောက်တယ် အစ်မရယ်… ခင်လေး ကြုံဖူးခဲ့ပါတယ်… […]


တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝကိုယ် ကြိုးစားနေကြတဲ့ သူတို့လေးယောက်ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ရန်ကုန်ဆိုတဲ့ တစ်မြို့တည်းမှာ အတူတူစုစည်းမိကြပါတယ်။ မအားလပ်လို့ အချိန်ပြည့်မတွေ့နိုင်ပေမယ့် အဆက်အသွယ်တွေတော့ မပြတ်ခဲ့ကြပါဘူး။   ဝတ်ရည်ကတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝဏ္ဏနဲ့ ဝတ်ရည်က တစ်နေရာတည်းမှာ အလုပ်ရခဲ့သလို အချိန်ပိုအနေနဲ့ ဝတ်ရည်စာသင်တဲ့နေရာက ခွန်စင်ငှားနေတဲ့ အိမ်ဘေးမှာ ဖြစ်နေပြန်ပါတယ်။ နောက် ဝတ်ရည်နဲ့အိလေးနဲ့ကလည်း တစ်မြို့နယ်တည်းမှာ နေဖြစ်ကြတော့ ဝတ်ရည်ကပဲ အားလုံးနဲ့ အဆက်အသွယ်ရှိနေပါတယ်။   အိလေးက ဝတ်ရည်နဲ့အတူတူ တိုက်ခန်းငှားနေဖို့ ပြောလာတဲ့အချိန်မှာ ဝမ်းသာအားရလက်ခံမိခဲ့ပါတယ်။ အိလေးနဲ့အတူတူ အဆောင်နေခဲ့တဲ့ မရတီလည်း ပါလာခဲ့တာပေါ့။ ဝတ်ရည်တို့ထက် သုံးနှစ်လောက်ကြီးတဲ့ မရတီကို နှစ်ယောက်လုံးက ချစ်ခဲ့ကြပါတယ်။ ကလေးဆန်တဲ့အိလေးကို မရတီက အလိုလိုက်ခဲ့သလို လူကြီးဆန်တဲ့ ဝတ်ရည်နဲ့လည်း အတူတူချက်စားဖြစ်ခဲ့ပါတယ်။ အစ်မမရှိတဲ့ ဝတ်ရည်က […]


“ဘာလို့ သူဖြစ်နေရတာလဲ..တစ်ခြားတစ်ယောက်သာ ဖြစ်လိုက်ပါတော့လားဟာ..ငါ့ကို လုပ်ရက်လိုက်ကြတာ..အီး..ဟီး…ဟီး…”   ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့ ဝတ်ရည်ကို ကြည့်ပြီး အိလေးလည်း မျက်ရည်တွေကျလာပါတယ်။   “ငိုလိုက်ပါ ဝတ်ရည်ရယ်..နင်အားရအောင်သာ ငိုလိုက်ပါ..နင် သိပ်ချစ်တဲ့ ခွန်စင့်အတွက်၊ နင့်နောက်ကျောက ထိုးခံလိုက်ရတဲ့ ဓားတစ်ချောင်းအတွက်၊ လူတိုင်းကို နင့်လိုပဲလို့ထင်ခဲ့တဲ့ နင့်ရဲ့ဖြူစင်မှုအတွက်..ငါလည်း ငိုပါရစေ… ငါရဲ့သူငယ်ချင်းဖြစ်တဲ့ နင့်ရဲ့ဝမ်းနည်းမှုတွေကို မျှဝေဖို့အတွက်၊ ငါတို့ဆုံးရှုံးလိုက်ရတဲ့ ခွန်စင့်အတွက် ငါလည်း ငိုပါရစေ သူငယ်ချင်းရယ်…”   အိလေး စိတ်ထဲကနေသာ ပြောနေမိပါတော့တယ်။   ………   “ခွန်စင်ကြယ်၊ ဝဏ္ဏဗိုလ်၊ ဝတ်ရည်နွယ၊် အိချောခင်”   သူတို့သူငယ်ချင်းလေးယောက်ကို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အားလုံးက သိထားကြပါတယ်။ ဆယ်တန်းပြီးကတည်းက တွဲဖြစ်ခဲ့တဲ့ သူတို့လေးယောက်မှာ ဝဏ္ဏနဲ့ဝတ်ရည်နဲ့က ငယ်သူငယ်ချင်း၊ ခွန်စင်နဲ့ အိလေးနဲ့က […]


“ဝတီ..ငါးဘာသာပါတယ်…”   ဝမ်းမသာနိုင်သေး။ လိုရင်းကို မေးရသေးသည်။   “ဟို..ကျန်တဲ့သူတွေရော..ဘယ်နှစ်ဘာသာ ပါကြလဲဟင်…” “စည်သူတို့တွေလည်း ပါကြတယ်..စည်သူက လေးဘာသာ…မြင့်မိုရ်က နှစ်ဘာသာ…ကျန်တာတွေလည်း ပါကြပါတယ်..” “မဟုတ်ဘူးလေ…ဟို..နှင်းဆီကော ဘယ်နှစ်လုံးပါလဲ..”   မတတ်နိုင်တော့။ သိချင်သည်ကို တိုက်ရိုက်သာ မေးလိုက်တော့သည်။   “နှင်းဆီက လေးဘာသာ..”   “ဟေးးးးးးးးးးးးး” စိတ်ထဲက အော်လိုက်ခြင်း ဖြစ်ပါသည်။ ချက်ချင်းပင် အမေ့ဆီပြေးသွားပြီး ခပ်တိုးတိုးပြောလိုက်သည်။   “အမေ..အမေ..သမီး ငါးလုံးပါတယ်သိလား..နှင်းဆီက လေးလုံးပဲပါတယ်…ဟိဟိ..ပျော်လိုက်တာ..သမီး နိုင်ပြီသိလား…” “ဟဲ့..တိုးတိုး..တိုးတိုး..သူများကြားသွားရင် မကောင်းဘူး…သေချာလို့လား သမီးရယ်…မျက်စိနဲ့တွေ့မှ ယုံကြတာပေါ့…” “ဘဘ ကိုယ်တိုင်ပြောတာ..ဘဘနဲ့တွေ့တာ..ဟုတ်မှာပါ အမေရဲ့..” “အောင်စာရင်းထွက်တဲ့အထိ စောင့်ပါဦး သမီးရယ်..”   ဇဝေဇဝါစိတ်များ ဖြစ်သွားပြန်သည်။ ထိုအချိန်တွင် တွေ့လိုက်ရသည်က ဝဏ္ဏ နှင့် စည်သူ။   […]


ပူလောင်ခြင်း၏ ရလာဒ်ကား ဆိုးဝါးလှပေသည်။ သည်ညတော့ ဝတီတစ်ယောက် စာမကျက်နိုင်တော့ပေ။ ကျူရှင်က ပြန်ရောက်ကတည်းက အလုပ်ရှုပ်တော့သည်။   ရောက်ရောက်ချင်း ဘုရားစင်က သောက်တော်ရေကိုလဲ၊ ဆီမီးထွန်းပြီး ဘုရားရှိခိုးတော့သည်။   “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မေတ္တာပို့ပေးရမယ်ဆိုပဲ…” မည်သို့ပင် ကြိုးစားသော်လည်း မေတ္တာထား၍ကို မရ။   “အာ..သိပြီ..သစ္စာဆိုရမယ်…” “တပည့်တော်မသည် နှင်းဆီအပေါ်တွင် သူတို့စွပ်စွဲသလို မျက်စောင်းလည်း မထိုးခဲ့ပါဘုရား…ရန်ဖြစ်လိုစိတ်လည်း မရှိခဲ့ပါဘုရား…ဤမှန်သော သစ္စာစကားကြောင့် တပည့်တော် အပေါ်တွင် အထင်လွဲစွပ်စွဲမှုများ အမြန်ဆုံး ကင်းဝေးရပါလို၏ အရှင်ဘုရား…”   ဘုရားရှိခိုးပြီး၍ စာဆက်ကျက်ရန် ကြိုးစားသော်လည်း အာရုံက စုစည်း၍ မရချေ။ တွေးလေလေ ဒေါသနှင့် တနုံ့နုံ့ဖြစ်လာလေ။ ဒေါသစိတ်၏ နောက်သို့ အတွေးတွေက လိုက်သွားရင်း ကြားဖူးထားသည့် အလုပ်တစ်ခုကို လုပ်လိုက်လေသည်။   […]


ထိုအချိန်တွင် နှင်းဆီကတော့ အတန်းပုံမှန်တက်၊ စာပုံမှန်လုပ်နှင့် အေးဆေးနေသည်။ အားလုံးကလည်း နှင်းဆီဝင်ပြိုင်မည်မဟုတ်ဟု ထင်မိကြသည်။   စာမူတင်ရမည့်နေ့သို့ ရောက်လာသည်။   “ကဲ…ပြိုင်မယ့်သူတွေအားလုံး ဆရာမကို စာမူလာပေးကြ..”   ဝတီက စာမူစာရွက်ကို ထုတ်မည်ကြံကာရှိသေး။ နှင်းဆီက ဆရာမကို စာရွက်အပ်လိုက်သည်။ ထိတ်ကနဲဖြစ်သွားသော စိတ်နောက်မှ မျက်စိကလည်း နှင်းဆီစာရွက်ပေါ်ကို ဖြတ်ကနဲရောက်သွားသည်။ လက်ရေး..နှင်းဆီ အမေ၏ လက်ရေး… သေချာပါသည်… ဆယ်စုနှစ်တစ်ခုနီးပါး အတူတူဖြတ်သန်းခဲ့သည့် ဝတီတစ်ယောက် နှင်းဆီလက်ရေးနှင့် နှင်းဆီအမေလက်ရေးကို ကောင်းကောင်းခွဲခြားတတ်ပါသည်။ ဆရာမကို ကြည့်လိုက်မိကာမှ ပိုဆိုးတော့သည်။   ထိုဆရာမက ရှစ်တန်းက မြန်မာစာဆရာမဖြစ်သည်။ မျက်နှာကြီးရာဟင်းဖတ်ပါ သည့်နေရာတွင် နာမည်ကြီးသည်။ နှင်းဆီတို့အိမ်သို့ တစ်ချိန်လုံးလာလည်၊ စကားများစွာပြော၊ ကျွေးသမျှစား၊ ပေးသမျှယူသည့်နေရာတွင် အခြားဆရာမများထက်သာသည်။ အားလုံးကို ဆက်စပ်မိသွားသည့်အခါ […]