ညရောက်တော့ စာကျက်နေသော ဝတီ့ကို ဆရာမက ခေါ်ပြောခဲ့သည်။ “ဝတီ..ဒီနေ့ နှင်းဆီအမေက ဆရာမကို ပြောတယ်…သမီးက နှင်းဆီကို နောက်ခံကောင်းလို့ သာနေတယ်ဆိုတဲ့ပုံစံမျိုး ပြောလိုက်လို့တဲ့…” “ဟုတ်တယ် ဆရာမ…သမီးလည်း ငြိမ်မနေနိုင်လို့ ဒီနေ့ ထပ်ပြောလိုက်တယ်… ဆရာမက ဘာပြန်ပြောလိုက်လဲ…” “ဆရာမကတော့ ဘာမှပြန်မပြောပါဘူး..ကလေးတွေပဲ..အချိန်တန်ရင် ပြီးသွားမှာပဲလို့ ပြောလိုက်တယ်..” ခဏလေးနှင့် ပြီးသွားမည်ဟု ထင်ထားသော ပြဿနာက တော်တော်နှင့်မပြီးခဲ့ပေ။ ဆရာမ၏ အေးဆေးမှုကြောင့် နှင်းဆီ၏အမေက မချင့်မရဲဖြစ်ဟန်တူပါသည်။ နေ့စဉ်နေ့တိုင်း လာပြောနေသည့်အတွက် နောက်ဆုံးတွင် ဆရာမက ပြောလိုက်လေသည်။ “အန်တီ..တကယ်တော့ ကျွန်မ ဒီကိစ္စကို သိထားတာကြာပါပြီ…ဖြစ်ဖြစ်ချင်းကတည်းက ဝတီက ပြောပြထားပါတယ်..ကျွန်မကလည်း ကလေးချင်း ပြီးသွားမယ့်ကိစ္စမို့လို့ ဘာမှမပြောဘဲ ငြိမ်နေတာပါ…ဝတီက နှင်းဆီကို အဲဒီလို ပြောခဲ့တယ်ဆိုရင် ဝတီဘာလို့ […]