ဟိုနေ့က “အဖေလား..အမေလား…ဆုံးမပေးပါ” ဆိုတဲ့ ပို့စ်နဲ့ ပို့စ်အောက်က ကွန်မန့်တွေကို ဖတ်အပြီးမှာ ကျွန်မခေါင်းထဲကို “ယဉ်ကျေးမှု” ဆိုတဲ့ စကားလုံးက ဝင်ရောက်လာခဲ့ပါတယ်။ “ယဉ်ကျေးမှု” ရဲ့ အဓိပ္ပာယ်ကို ကျွန်မစသိခဲ့တာ ရှစ်တန်းနှစ်လောက်မှာပါ။ “ယဉ်ကျေးမှုဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းတည်ရှိခဲ့သော အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဂီတ၊ အနုပညာ အားလုံးပါဝင်သည်” လို့ သင်ကြားခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဦးမင်းနိုင်ရဲ့ မြန်မာမှုဆိုတဲ့စာထဲက အကြောင်းအရာတစ်ခုကိုလည်း သတိရမိပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ထိန်းသိမ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို ခေတ်နဲ့လိုက်လျောညီထွေစွာ ပယ်ဖျက်သင့်တဲ့ယဉ်ကျေးမှုလည်း ရှိပါတယ်တဲ့။ ဥပမာအားဖြင့် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်တဲ့အတွက် ဒီအလေ့ကို ပယ်ဖျက်ရမှာဖြစ်ပေမယ့် အသားမှာစွဲအောင်ထိုးတဲ့ ဆေးမင်ကြောင်ဆေးဖော်စပ်နည်းကိုတော့ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်တဲ့။ အဲဒီနောက်တော့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို အတိအကျသိချင်တဲ့အတွက် ထပ်ရှာကြည့်လိုက်တဲ့အခါ ဖွင့်ဆိုချက်အမျိုးမျိုးကို […]