သည်ရက်ပိုင်း ကျွန်မ၏စိတ်တွေ အလွန်ရှုပ်နေသည်။ ကျန်းမာရေးအခြေအနေကြောင့်လည်း ပါမည်ထင်သည်။ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံတို့သည် ကျွန်မ၏ ဦးနှောက်အတွင်းသို့ စုပြုံဝင်ရောက်လာကြသည်။ အတွေးတို့သည် ခံစားချက်များအဖြစ် ပြောင်းလဲသွားသောအခါ ကျွန်မသည် တစ်ယောက်တည်းသာ နေချင်သူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။   ကျွန်မတွင် ချစ်သူတစ်ဦးရှိသည်။ ကျွန်မကို အရမ်းချစ်သလို ကျွန်မကလည်း မလျော့သောအချစ်ဖြင့် ချစ်ပါသည်။ ကျွန်မတို့နှစ်ဦးလုံးသည် တစ်ယောက်၏အချစ်ကို တစ်ယောက်က နားလည်ကြသည်။ မတူညီသော အကျင့်စရိုက်များကြားတွင် တူညီသောအချစ်ဖြင့် ဘဝတစ်ခုတည်ဆောက်ရန် ကြိုးစားနေကြဆဲကာလဖြစ်သည်။ ကျွန်မတို့နှစ်ယောက်သည် အများအမြင်တွင် သိပ်ချစ်ပြီး နားလည်မှုရှိကြသော ချစ်သူနှစ်ယောက်ဖြစ်လေသည်။   သို့သော် ဗွေဖောက်သူက ကျွန်မပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ သိနေရုံမျှနှင့် လုံလောက်ပြီလား ဟူသော မေးခွန်းသည် ကျွန်မထံတွင် အခါခါ ဖြစ်ပေါ်လာသည်။ စကားကြီးစကားကျယ်များ ပြောလေ့ရှိသော ကျွန်မသည် အများအမြင်တွင် […]


အချိန်တွေကုန်တာ မြန်တယ်လို့များ ထင်ရမလား မသိဘူးနော်။ နဖူးစာဂဇက်ရွာလည်ခဲ့တဲ့ အံစာနဲ့ လုံမတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းက ဒီနေ့ (၂၂.၇.၂၀၁၄) မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်က ရွာတွေ့ဆုံပွဲပြီးလို့ နောက်တစ်ရက် ဝါဆိုလပြည့်နေ့ပေါ့။ အဲဒီတုန်းက အဖြစ်လေးတွေကို သတိရသား။ တွေ့ဆုံပွဲအချိန်တုန်းက သူက သူ့ကိုမချစ်နိုင်တဲ့ မိန်းကလေးဆီမှာ ပေကပ်ပြီး မနှောင့်ယှက်တော့ပါဘူးဆိုပြီး လုံမကို မခေါ်တော့ဘူး။ (ဗျူဟာမှူးတွေရဲ့ ဗျူဟာလည်း ဖြစ်နိုင်တယ်။) (၆) လလုံးလုံး ကိုယ့်အနားမှာ နေပေးခဲ့တဲ့သူဆိုတော့ ဘယ်အချိန်ကတည်းက သံယောဇဉ်တွယ်မိသွားမှန်း မသိဘူး။ ပြီးတော့ သူက တကယ်ကြီးကို ရှောင်သွားတာဆိုတော့ စိတ်ထဲမှာလည်း တစ်မျိုးကြီးပေါ့။ ဒီလိုနဲ့ မဖြစ်ချေဘူးဆိုပြီး လူဇိုးတွေနဲ့မေတိုင်ပင် လုပ်။ သူတို့ဆီက မဲကလည်း ကိုယ့်ဘက်ကို အလေးသာဆိုတော့ ခြောက်ထောင့်တုံး အဖြေရသွားပါလေရော။ […]


ဟင့်အင်း မေမေ… သမီး သူနဲ့ မခွဲနိုင်လို့ပါ…. တောင်းပန်တိုးလျှိုးသော လေသံဖျော့ဖျော့နှင့် မေ့မေ့ကို ကျွန်မ အသနားခံလိုက်သည်။ မေ့မေ့မျက်နှာတွင်တော့ သမီးကို စိုးရိမ်သော မေတ္တာတရားနှင့်အလျှော့ပေးမည့်ပုံမပေါ်သော ခက်ထန်မှုတို့က ရောယှက်နေ၏။ သက်ပြင်းချသံနှင့်အတူတူ မေမေကလည်း ကြင်နာစွာ စကားဆိုလာလေသည်။ သမီးရယ်.. အဓိကကတော့ စိတ်ပါပဲ….. တခြားအရာတွေကို မေမေ အကုန်အလိုလိုက်ခဲ့တာပဲ… အခုဟာက သမီးအတွက် ထိခိုက်မှာမို့လို့ မေမေ တားနေရတာလေ…. အခုအချိန်မှာ မသိသေးပေမယ့် နောက်ကျရင် သူ့ကြောင့် သမီးပဲ ဒုက္ခရောက်ရမှာ…။ သူနဲ့ပတ်သက်လို့ ဖြစ်လာသမျှကို သမီး ခါးစည်းခံပါ့မယ် မေမေရယ်… အခုအချိန်မှာတော့ သူနဲ့ခွဲဖို့ဆိုတာ သမီးအတွက် မဖြစ်နိုင်သေးလို့ပါ….. နောင်တစ်ချိန် သူမကောင်းဘူးဆိုတာ သမီးသိလာခဲ့ရင် သမီးကိုယ်တိုင် သူနဲ့လမ်းခွဲပါ့မယ်… သမီးအကြောင်းကို မေမေသိနေတာပဲလေ.. နော်… မေမေ့သမီးက […]


ဟုတ်တယ်။ အခုတလော ကျွန်မ အမေ့ကို နားမလည်ဘူး။ အဲဒီလိုပြောမိတိုင်း ကျွန်မကိုယ်တိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ရုံးမှာ အဆင်မပြေတာတစ်ခုခု ဖြစ်တိုင်း တွေးမိတဲ့အတွေးပေါ့။ ဝန်ထမ်းတွေက သူဌေးမဖြစ်ခဲ့ဖူးတဲ့အတွက် သူဌေးတွေရဲ့အတွေးကို နားမလည်ပေးတတ်ပါဘူး။ ဒါပေမယ့် သူဌေးတွေကတော့ ဝန်ထမ်းဖြစ်ခဲ့ဖူးတဲ့အတွက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ပိုနားလည်ပေးသင့်တယ်။ အခုလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ ကျွန်မလည်း အမေမဖြစ်ဖူးတော့ အမေတွေရဲ့ ခံစားချက်ကို ရာနှုန်းပြည့်နားမလည်ပေးတတ်တာလားလို့ပေါ့။ အမေကတော့ သမီးဘဝကနေ အမေဖြစ်လာတာဆိုတော့ သမီးတွေကို ပိုနားလည်ပေးသင့်သလားလို့။ အမှန်တော့ အမေ့လောက် လူငယ်ဆန်ပြီး သားသမီးကိုနားလည်ပေးတာ အမေပဲ ရှိပါတယ်။ ပြောရရင် အမေကိုယ်တိုင်ကလည်း လူငယ်ကိုး။ သူငယ်ချင်းတွေဆိုရင် ကျွန်မကို အားကျကြတယ်။ နားလည်ပေးတတ်တဲ့ အမေကို ရထားလို့တဲ့။ ကျွန်မတို့ သားအမိတွေကလည်း သူငယ်ချင်းပေါင်းပေါင်းတာ။ ရည်းစားကို […]


သမီးလေ.. ပို့စ်ရေးခဲ့ဖူးပါတယ်… ခရီးသွားလုပ်ငန်းထဲက S တစ်လုံး ဆိုတဲ့ ပို့စ်ထဲမှာ… လှည်းတန်းမီးပွိုင့်လမ်းဆုံမှာ လမ်းလယ်ခေါင်မှာ ကွေ့ကြောယူထားတဲ့ ကားကို အတင်းငှားပြီး ပါလာတဲ့ နိုင်ငံခြားသားကို အသည်းအသန် အရင်တက်ခိုင်းပြီး ပြာပြာသလဲ ကားငှားစီးတဲ့ အမျိုးသမီးအကြောင်း…. ဂရုစိုက်ကြပါ…. ဧည့်ဝတ်ကျေကြပါ.. စည်းကမ်းတော့ မဖောက်နဲ့ပေါ့… နိုင်ငံခြားသား မပါလာရင်တောင် နားလည်ပေးနိုင်သေးတယ်… အခုက နိုင်ငံခြားသားရှေ့မှာ ကိုယ်က ပိုဂရုစိုက်ပြီး စည်းကမ်းလိုက်နာပြရမှာကို… စည်းကမ်းဖောက်ပြနေလို့.. အသည်းနာတယ်…. (အာတီသဲ မဟုတ်ဝူးနော်..) လမ်းပေါ်မှာ၊ အထူးသဖြင့် Tour sites တွေမှာ နိုင်ငံခြားသားတွေ အခွင့်ထူးခံနေကြတဲ့ ကိစ္စတွေ… သမီးတို့လည်း အသည်းနာပါတယ် အာတီသဲရယ်… ဒါပေမယ့် အဲ့ဒါ Tour Company တွေနဲ့တော့ မဆိုင်ဘူးလို့ ပြောရမယ်… Tour Company […]


– – – – – ======================= ငယ်ငယ်ကတည်းက အခုချိန်ထိ အမေဆုံးမနေကျ စကားလေးတစ်ခွန်းရှိတယ်။ “လူတစ်ယောက်က ကိုယ့်အပေါ်မကောင်းရင် တစ်ချိန်က သူကောင်းခဲ့တာလေးတွေနဲ့ ဖြေတွေးပါ” တဲ့။ တစ်ခါတစ်လေကျတော့လည်း ရံဖန်ရံခါလုပ်ဖူးတဲ့ ကောင်းကွက်လေးတွေက အမြဲတမ်းလုပ်နေတဲ့ မကောင်းကွက်တွေကို မဖုံးနိုင်ဘူး ဖြစ်နေတတ်တယ်။ စဉ်းစားကြည့်မိတယ်။ ကိုယ်နေရာတစ်ခုရဖို့၊  ကိုယ့်အပေါ်ကို အကောင်းမြင်ဖို့ သူတစ်ပါးကို ကျော်နင်းတာ၊ သူတစ်ပါးကို အပုပ်ချတာတွေ ဘာလို့ လုပ်နေကြတာလဲလို့။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”၊ “ငါ လုပ်တာ မှန်နေဖို့ပဲ အရေးကြီးတယ်” လို့ နှလုံးသွင်းကြည့်ပေမယ့်လည်း ကိုယ့်အပေါ် မကောင်းပြောနေတာ၊ မကောင်းကြံနေတာတွေ၊ အထူးသဖြင့် လိုတာထက်ပိုပြီး  ကုန်းချောတာတွေကို ပြန်သိရတဲ့အခါမှာ (ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကို ချိုးနှိမ်ရင်း) ဒေါသတွေကို မျိုသိပ်ရတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း “Confidential” ဆိုတဲ့ […]


– – – – – – – – – ကျွန်မ ပူလောင်နေတယ်..အရမ်း ပင်ပန်းနေတယ်..စိတ်တွေ ရှုပ်ထွေးနေတယ်… ဖြစ်နိုင်ရင် အားလုံးနဲ့ အဝေးကို ထွက်ပြေးချင်တယ်… ဘယ်သူမှ မရှိတဲ့နေရာ… ပတ်ဝန်းကျင်နဲ့ ဝေးကွာရာ…အို… နောက်ဆုံး မာနတရား နဲ့ ကင်းလွတ်ရာ… မြတ်စွာဘုရား..တပည့်တော်မရဲ့ ပူလောင်ခြင်းတွေအတွက် ငြိမ်းချမ်းရာ မြတ်ဓမ္မတရားကို လျင်မြန်စွာ သိမြင်ရပါလို၏ အရှင်ဘုရား….   နားထဲမှာ..နားထဲမှာ..အသံတွေကြားနေတယ်… ကျေးဇူးပြုပြီး အားလုံးထွက်သွားပေးပါ… ငါ… ငါလည်း လူတစ်ယောက်ပါ… ငါ့ခံစားချက်တွေနဲ့ ငါ ရပ်တည်ပါရစေ… ငဲ့ကွက်ထောက်ထားမှုတွေကို ခဏလောက်… မေ့ခွင့်ပေးပါ…. ငါ အရမ်းပင်ပန်းနေချိန်မှာ..ခဏလောက် နားပါရစေ… ပေါ့ပါးချင်တဲ့ ငါ့စိတ်ကို … ခဏလောက် လွတ်လပ်ခွင့်ပေးပါ….   “သမီး..အားတင်းပြီး […]


ဒီနေ့ ကျွန်မအဖေဆုံးတာ (၄) နှစ်ပြည့်ပါပြီ။ အဖေလို့ ခေါ်ခွင့်မရတော့တာ (၄) နှစ်တောင် ရှိပြီပေါ့။ မိဘဆိုတာ သားသမီးတွေရဲ့ ဘဝမှာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။ ဒီလိုပဲ အဖေကလည်း ကျွန်မဘဝရဲ့ (၁၉) နှစ်တာကာလအတွင်းမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ အဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပဲပေါ့ရှင်။ အကောင်းအဆိုးဒွန်တွဲပြီး လောကထဲက ထွက်သွားတဲ့ အဖေ့ဘဝကို ပြောပြချင်ပါတယ်။   ကျွန်မလူမှန်းသိတတ်စအရွယ်မှာ အဖေက ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ရန်ကုန်နဲ့မနီးမဝေးက တောမကမြို့မကျနယ်မြို့လေးမှာ ပုံနှိပ်စက်ဆိုလို့ (၃) လုံးပဲ ရှိပါတယ်။ အဲဒီ ပုံနှိပ်တိုက် (၃) ခုမှာမှ “စင်ရော်” ဆိုတဲ့ ကျွန်မတို့ပုံနှိပ်တိုက်က အဖေ့ရဲ့ ကျွမ်းကျင်မှု၊ ထူးချွန်မှုအောက်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ရင် အဖေက အတော်ဆုံးပဲလို့ […]


“အတူတူနေဖို့…ဘယ်လောက်ထိ ဝေးရမလဲ…အတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”   အချစ်သီချင်းလေးက လွင့်ပျံ့လာတယ် အမေ…. အချစ်ကို မခံစားမိဘဲ အမေ့ကို သတိရသွားတယ်… သမီးတို့တွေရော.. အတူတူနေဖို့ ဘယ်လောက်ဝေးနေရဦးမှာလဲ… “နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…သမီးတို့တွေလည်း တကယ်ကို နီးနီးလေးနဲ့ဝေးနေတာပါ… (၃)ယောက်တည်းရှိတဲ့ မိသားစုဆိုတာ တကယ်တော့ အရမ်းနည်းလွန်းပါတယ်… အခုတော့ ဒီ (၃)ယောက်က တစ်ယောက်တစ်နေရာစီတဲ့လား… သမီးပဲ အရမ်းညံ့နေတာလား… ကံတရားကိုပဲ မကျော်လွန်နိုင်တာလား.. ဒါမှမဟုတ် သူများကိုပဲ ငဲ့ညှာလွန်းနေတာလား…   အိမ်မှာတစ်ယောက်တည်း အထီးကျန်နေမယ့် အမေ့ကို သနားနေမိသလို “တစ်ယောက်တည်းရုန်းကန်နေရတဲ့ ငါ့သမီးလေး” ဆိုပြီး အမေလည်း စိတ်မကောင်းဖြစ်နေတာလည်း သိပါတယ်… အားတင်းထားကြတာပေါ့နော်… ကားမှတ်တိုင်လေး (၄) ခုလောက်အကွာမှာနေတဲ့ မောင်လေးနဲ့တောင် တစ်ပတ်တစ်ခါ မတွေ့ဖြစ်တာ…ရန်ကုန်နဲ့ (၄၆) မိုင်အကွာက […]


ကျွန်မမှာ ဘဝနှစ်ခုရှိပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ ဘဝအဓိပ္ပာယ် တစ်နည်းအားဖြင့် ဘဝဖွင့်ဆိုချက် နှစ်ခုရှိပါတယ်။ အဲဒီအဓိပ္ပာယ်တွေနဲ့ လက်တွေ့ဘဝတွေဟာလည်း အကျိုးအကြောင်း တစ်လှည့်စီ ဖြစ်နေပါသေးတယ်။ တစ်ခါတစ်လေမှာ လက်တွေ့ဘဝပေါ်မူတည်ပြီး အဓိပ္ပာယ်သက်ရောက်သွားတာမျိုးရှိသလို တစ်ခါတစ်လေကျတော့လည်း အဓိပ္ပာယ်ပေါ်မူတည်ပြီး လက်တွေ့ဘဝအဖြစ် ကျင့်သုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်အထိတော့ ကျွန်မဟာ အဲဒီဘဝနှစ်ခုထဲမှာ မသေချာမရေရာစွာ၊ ဒွိဟများစွာနဲ့ ရှင်သန်နေရဆဲပါပဲ။   “ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပါပဲ” တဲ့… ကျွန်မကိုယ်ကျွန်မ အားတင်းတဲ့ စကားတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိုးလင်းကမိုးချုပ် အလုပ်တွေနဲ့ တရစပ်ပြည့်နေတဲ့အခါမှာ၊ ကိုယ့်စိတ်ကို အပန်းဖြေဖို့ အချိန်နည်းနည်းလေးတောင် မပေးဖြစ်တဲ့အခါမျိုးတွေမှာ ကျွန်မကိုယ်ကျွန်မ ပြောလေ့ရှိပါတယ်။ “ငါလုပ်နိုင်တယ်..ငါလုပ်ရမယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ..”   ဒီလိုဘဝမျိုးကို ဘယ်အချိန်ကစပြီး ကြုံရသလဲဆိုရင် ကျွန်မဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်မှာပါ။ ဆယ်တန်းပြီးလို့ နားမယ်ကြံကာရှိသေးတယ်၊ […]


ဒီရက်ပိုင်း ကျွန်မတစ်ယောက် ချစ်သူနဲ့ အဆင်မပြေဘူး ဖြစ်နေတယ်ရှင်။ သူအချိုးမပြေတာ တော်တော်ကြာနေပါပြီ။ ကျွန်မလည်း သည်းခံကြည့်တာပဲ။ ဒါပေမယ့် အချိန်တွေသာ ကုန်သွားတယ်။ သူက ပြောင်းလဲမလာဘူး။ ဒီတော့ အခုကျွန်မ သူငယ်ချင်းတွေကို ရင်ဖွင့်ရတော့တာပေါ့။ နည်းနည်းလောက် စဉ်းစားပေးကြပါဦး။   သူနဲ့ ကျွန်မက ဆယ်တန်းနှစ်မှာ စသိခဲ့ကြတာပါ။ အမှန်တော့ ကိုးတန်းလောက်ကတည်းက ကျွန်မအစ်မတွေနဲပ ခင်နေတဲ့ သူ့ကို သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ခပ်တည်တည်ပေါ့။ သိတယ်မို့လား။ ဆယ်တန်းနှစ်ရောက်တော့ စာကျက်ရင် အချိုးမပြေတဲ့ ကျွန်မကို အစ်မတွေက သူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စသိခဲ့ရော ဆိုပါတော့။ အစက နည်းနည်း ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် တစ်စတစ်စနဲ့ သူ့ကို တွယ်ငြိလာခဲ့မိတယ်။   အစပိုင်းမှာတော့ ကျွန်မကို ကူညီနေတဲ့သူ့ကို အမေတို့က […]


ကိုဖြိုးရေ…   ဒီအချိန်ဆို နင်ဘာတွေလုပ်နေမလဲ။ အိပ်ပျော်နေမလား။ အလုပ်နဲ့ပတ်သက်တဲ့ စာတွေပဲ ပြန်ကြည့်နေမလား၊ ဂိမ်းပဲ ဆော့နေမလား။ ဇာတ်လမ်းပဲ ကြည့်နေမလား။ ဘာပဲဖြစ်ဖြစ် နင်စိတ်ချမ်းသာနေမှာပါဟာ။ ပိုပြီး ပျော်စရာကောင်းတာကလေ မကြာခင်မှာ နင်ချစ်တဲ့သူက နင့်ကိုချစ်ပါတယ် ဆိုတဲ့ အဖြေကို နင်ကြားရတော့မယ်လေ။   တကယ်တော့ ငါလည်း နင်နဲ့ထပ်တူ ပျော်ချင်ပါတယ်ဟာ။ အမြဲတမ်း ငါက နင်နဲ့ မျှဝေခံစားနေကြလေ။ ဒါပေမယ့် ဒီတစ်ခါတော့ ငါမပျော်နိုင်တော့ဘူးဟာ။ နင်သိရဲ့လား။ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရခြင်းနဲ့ မုန်းသူနဲ့ အတူတူနေရခြင်း ဆိုတဲ့ ဆင်းရဲခြင်းနှစ်ခုက ငါ့ဆီမှာ တစ်ပြိုင်နက်တည်းရှိနေတယ်လေ။ အဲဒီထဲမှာမှ မုန်းသူနဲ့ အတူတူနေရခြင်းက ပိုဆင်းရဲပါတယ်ဟာ။   ငါ နင့်ကို အဆက်အသွယ်ဖြတ်ထားလိုက်တာ ကြာပြီနော်။ နင်လည်း ငါ့ကို စိတ်ထဲမှာရှိမှာ […]