အချို့သော စာတို့သည် လွန်စွာ လေးနက်သော အတွေးတို့ ပါရှိနေသည်။ ယင်းကြောင့် အဆိုပါ စာမျိုးအား လေးလေးနက်နက်၊ ထဲထဲဝင်ဝင် ဖတ်မှသာလျှင် ဆိုလိုရင်း အဓိပ္ပါယ်မှာ ပေါ်လွင်တတ်လေသည်။ ထိုနည်းတူ လောက၌ အချို့သော အကြောင်းအရာတို့သည် လေးနက်သော အဓိပ္ပါယ်တို့ဖြင့် ပြည့်နှက်နေလေသည်။ ထို အကြောင်းအရာများမှာ လေးလေးနက်နက်၊ ထဲထဲဝင်ဝင် တွေးတတ် လုပ်ဆောင်တတ်မှသာ ဆိုလိုရင်း အနက်ကို မှန်ကန်စွာ သဘောပေါက်တတ်လေသည်။ သို့တည်းမဟုတ်မူ မှားယွင်းသော အယူအဆတို့ စွဲကပ်သွားတတ်လေ၏။ သူများ ဖိနပ်ကို ကိုင်ဖူးမှသာ ကိုယ့်ဖိနပ်ကို ကိုင်ပေးမယ့်သူ ရှိမယ် ….. တဲ့ ကျီးကန်းက ဗျိုင်းကို မေးတယ် … “မင်း ဘာလို့ ဖြူတာလဲ” …. တဲ့ ဗျိုင်းက ပြန်ဖြေတယ် […]