ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည် တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို ၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် ဘဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏ ဂုဏ်ကျေးဇူးကြောင့် ၎င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။ သင်တန်းဆင်းသောနေ့။ ပထမ … အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က “ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ ဘဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကျနော် ဘာဘဲလုပ်လုပ် ဘဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို စံပြဆု ရရှိခြင်းဖြစ်ပါတယ်။” လက်ခုပ်သံများ […]