VictorySeptember 10, 20121min32016
ကိုယ့်စာကိုတော့မနှမြောပါဘူး။ ဗစ်ထရီရေးပေးတဲ့ ကော်မန့်လေးကိုနှမြောတယ်ဆိုတဲ့အစ်မရဲ့ မြှားတစင်းဟာ ပစ်မှတ် ဗဟိုကို ထိသွားပါတယ်ဗျာ။ (ဪ ~~ဒါ့ကြောင့်လဲ ကျော်ကြားပေတာကိုး) အကုန်တော့ …သည်၊၏ မလွဲဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ပြောထားတဲ့ မူရင်းအကြောင်းအရာတွေကတော့အဲဒီဟာတွေပါဘဲ။ နှလုံးသားထဲရောက်သွားတဲ့ စာတပုဒ်မလို့ စိတ်နှလုံးကလဲကိုယ်ရေးလိုက်တာပြန်မှတ်မိနေတာလို့ ဆိုပါရစေ။ ပြန်ပြီးရေးပေးလိုက်ပါတယ်။   လေးစားခင်မင်ရသောအစ်မဒေါက်တာပဒုမ္မ္မာခင်ဗျား သည်စာလေးကိုဖတ်လိုက်ရတဲ့အချိန်မှာ ပထမတော့ အခုလိုဘဲတွေးပါတယ်။ (စာအရ တကယ့်ဖြစ်ရပ်လို့ယူဆပေမဲ့ ဒီနေရာမှာဇာတ်လမ်းလို့ရေးပါရစေ) သည်စာဟာ လိုက်နာအပ်တဲ့လူတို့ရဲ့ကျင့်ဝတ်တွေနဲ့ ဇာတ်လမ်းဆင်ထားတယ်။ လိုအပ်လို့ဆုံးမစကားဆိုသူနှင့် ဆုံးမခြင်းကိုနာခံလွယ်သူ နဲ့ဇာတ်လမ်းဆင်ထားတယ်။ မိမိကျရာတာဝန်ကိုကျေပွန်တတ်တဲ့စိတ်နဲ့ ကျေးဇူးတရားကိုအသိအမှတ်ပြုတတ်သူကိုဇာတ်လမ်းဆင်ထားတယ်။ ကိုယ့်စေတနာကိုယ့်အကျိုးပေးဆိုတဲ့စကားလေးကို လက်တွေ့ကျကျဖော်ထုတ်ပြပြီးဇာတ်လမ်းဆင်ထားတယ်။ ပြီးတော့မှ သည်စာထဲမှာ တလုံးမှရေးမထားပါဘဲ ထင်ထင်ရှားရှားကြီးကိုမြင်လိုက်ရတဲ့ စကားတခွန်းရှိတာကိုသတိထားမိသွားတယ်။ အဲဒါကတော့ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ […]