ဆုဆုတစ်ယောက် တနေ့က ဆူးလေဘက်ကနေ လှည်းတန်းကို ၂၀ဝတန် အထူးကားကြီး စီးပြီးပြန်လာခဲ့ပါတယ်..ကားပေါ်မှာ ထိုင်ခုံစေ့လောက်ပဲ ခရီးသည်ပါပါတယ်။ ဆိုလိုတာက မတ်တပ်ရပ်ခရီးသည် မပါပါ၊ ဟယ်လ်ပင်မှတ်တိုင်မရောက်ခင် ဆုဆုတို့ စီးလာတဲ့ကားကြီးကို ရဲကတားပါလေရော။ ဒရိုင်ဘာက မဆင်းဘဲ သူ့စပယ်ယာသာ ဆင်းသွားပါလေရော၊ ဒရိုင်ဘာက သူု့လူတွေကို ငါတ်ု့ကို ဘာလို့ဖမ်းတာလဲလို့မေးလို့ အော်ပြောနေတယ်၊ ခနနေတော့ စပယ်ယာက ယာဉ်မောင်းလိုင်စင် ကို ဒရိုင်ဘာဆီလာတောင်းတယ်၊ ဒရိုင်ဘာက ပိုက်ဆံ တစ်ထောင်လောက်ပေးလိုက်လေကွာတဲ့၊ လိုင်စင်တော့မပေးလိုက်ပါ၊ ခနနေတော့ ဆုဆုတို့ ကားကြီးပြန်ထွက်ခွင့်ရသွားတယ်။ ကားထွက်တော့ စပယ်ယာနဲ့ ဒရိုင်ဘာတို့က အဲဒီ မော်တော်ပီကယ်ရဲကြီးကု ိမိုက်မိုက်ရိုင်းရိုင်းတိုင်းထွာပြီး ပြောလိုက်တာက ” မအေ…ရဲတွေ..မှားရင်ဖမ်းတယ်..မမှားရင် တောင်းစားတယ်” တဲ့၊ ဒီတခါ ဘတ်စ်ကားကြီးမမှားမှန်း ဆုဆုတို့ ခရီးသည်တွေ အားလုံးသိကြပါတယ်………