.ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ဆိုတာ ပါရမီပါမှ ဖြစ်တယ်။ .ဒီစကား ကြားခဲ့ဖူးတာ ကြာလှပါပြီ။ —- .ကလေးတစ်ယောက်ကို ပုံမှန်အတိုင်း အတန်းပညာ မှန်မှန်သင်ပေးသွားရင် သူ့အတန်းအလိုက် သီဝရီတွေ၊ လောတွေ၊ ဥပမာ F=ma ကစလို့ အာကာသထဲမှာ ဘလက်ဟိုးကြီးတွေ ရှိတဲ့အကြောင်းထိ သူလက်သင့်ခံသွားမှာပဲ။ ဘာလို့ဆို အမှန်တရားတွေ ဖြစ်နေတဲ့အတွက်ကြောင့်။ .ဒါပေမယ့် ကမာ္ဘကြီးကို ဖန်ဆင်းထားတာ ဘုရားသခင်လို့ သင်ကြားတော့မယ်ဆိုရင် ဒါက အမှန်တရားမဟုတ်တော့ ဘာမှ မသိနားမလည်တဲ့အရွယ်ကစပြီး ဘရိန်းဝပ်လုပ်ရတယ်။ ဘုရားကို ကြည်ညို သဒ္ဓါစိတ်ဝင်အောင် ငယ်ကတည်းက ဘာသာသွေးကို မွေးမြူ ရတယ်။ .အစ္စလာမ်မှာ ဆိုရင်လည်း အလာဟ်ကို ယုံဖို့ ကလေးတွေကို ငယ်ကတည်းက ကိုရန်ကျမ်း သင်ပေးရတယ်။ .ကမာ္ဘကြီး ဒီလောက် ဒုက္ခရောက်နေတာတောင် ဘယ်ဘုရားမှ ဆင်းမလာပါဘူးဆိုမှ […]