Diamond KeyOctober 6, 20111min1434
မန္တလေးမှာထုတ်ဝေတဲ့ သတင်းစာ နှစ်စောင်ရှိပါတယ်။ ရတနာပုံနေ့စဉ် သတင်းစာ (စစ်တပ်ကထုတ်ဝေတာ) နဲ့ မန္တလေး နေ့စဉ် သတင်းစာ (မန္တလေးစည်ပင်က ထုတ်ဝေတာ)ပါ။ အိမ်မှာက ဒေသသတင်းတွေ အတွက် ဒီသတင်းစာ နှစ်စောင်စလုံးကို ယူဖတ်ပါတယ်။ နှစ်စောင်စလုံးကို ယူနေရတာက အရှေ့ကာလတွေမှာ ရတနာပုံနေ့စဉ် သတင်းစာက သတင်းပိုစုံပြီး ကြော်ငြာတွေ စုံတာကြောင့်ရယ်၊ မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးစည်ပင်က ကြေညာချက်တွေနဲ့ မန္တလေးငါးမြို့နယ် သတင်းတွေဖတ်ချင်လို့ပါ။ ဒီနှစ်စောင်ကို နေ့စဉ်ဖတ်နေတော့ သတိထားမိလာတာက ရတနာပုံနေ့စဉ် သတင်းစာက မန္တလေးတိုင်းမှုးသတင်းတွေနဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြပြီး မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးမြို့တော်ဝန် နဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြတာတွေ့ရပါတယ်။ (နိုင်ငံတော် အဆင့်သတင်းတွေ မရှိတဲ့နေဆိုရင် မျက်နာဖုံး သတင်းတွေ […]