loneAugust 16, 20111min35826
ရှုံးနိမ့်မှုများနဲ့လူ ပြောသွားတဲ့ယဉ်ကျေးမှု(ဝတ်စားဆင်ယင်မှု)အကြောင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ ကိုယ်တွေ့အဖြစ်လေး တစ်ခုပြောပြချင်လို့ပါ။ အဲဒီ့နေ့က လှည်းတန်းမှာ မုန့်စားပြီး သင်တန်းအသွား နှစ်ယောက်သား လှည်းတန်းမီးပွိုင့် လွတ်အောင်  မီးပွိုင့်ထိပ်နားမှာရပ်စောင့်ပြီးလူတင်နေတဲ့ ကားတစ်စီးပေါ်အမြန်ပြေးတက်လိုက်ကြတယ် ။ နို့မို့ဆို ကားဂိတ်က သာ စောင့်စီးလို့ကတော့ မီးနီနှစ်ခါစောင့် ပြီး လူခေါ်ရင်ကြာတတ်တဲ့ ပါရမီကားတွေ ကြောင့် သင်တန်းနောက်ကျလိမ့်မယ်လေ ။ အဲဒါကတော့ ပါရမီ ကားတွေအကြောင်း ကြုံတုန်းကြေငြာဝင်တဲ့သဘောပါ ။ တကယ်က ယဉ်ကျေးမှုဆိုလို့ နဲနဲပြောချင်လို့ပါ။ အဲဒါ့နဲ့ ကားပေါ်ရောက်တော့ ထိုင်စရာနေရာမရှိတာနဲ့ မတ်တပ်ရပ်ပြီးလိုက်လာခဲ့ရပါတယ် ။ အရှက်ကွဲပုံ က ဒီလို စတာပေါ့ ။ ကိုယ်က အဲဒီ့နေ့က စကပ်တိုလေး ဝတ်လာခဲ့တယ် ။နဂိုတည်းက လည်းစကပ်တို ဘောင်းဘီတိုလေးတွေကို ဝတ်ရတာ အရမ်းနှစ်သက်တယ်လေ။ ကားပေါ်မှာ စာအုပ်ရောင်းတဲ့လူတစ်ယောက်က […]