Ma MaMay 15, 20131min47953
  မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆင်မလိုက်လမ်းဆုံမီးပွိုင့်ကို သိကြပါသလား။   မြို့ထဲကလာတဲ့ကန္နားလမ်း၊ ဘုရင့်နောင်လမ်းအစနဲ့ နာနတ်တောကုန်းကျော်တံတားအဆင်း၊ လှည်းတန်းကုန်းကျော်တံတားအဆင်း…….. လမ်းတွေဆုံတဲ့ မီးပွိုင့်ပါ။ အဲဒီမီးပွိုင့်မှာ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်ချင်ရင် မီးပွိုင့်ကိုဝင်စရာမလိုအောင် လမ်းခွဲလေးပေးထားပါတယ်။ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းရဲ့ ညာဘက်လမ်းခွဲပါ။   များသောအားဖြင့် မီးပွိုင့်မဝင်ခင် အကွေ့လမ်းကြောအတွက် လမ်းခွဲတွေဟာ တစ်လမ်းမောင်းပဲ ဖြစ်လေ့ရှိပါတယ်။ ကိုယ်တိုင်တော့ အဲဒီလိုပဲ သိထားပါတယ်။ (အကွေ့လမ်းခွဲတွေမှာ နှစ်လမ်းမောင်းရှိကြောင်း သိတဲ့သူတွေလည်း သိကြမှာပါ။)   အဲဒီ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်တဲ့ လမ်းခွဲလေးကတော့ နှစ်လမ်းမောင်းဖြစ်ပါတယ်။   နှစ်လမ်းမောင်းဖြစ်တာကြောင့် ဘုရင့်နောင်လမ်းက လှည်တန်းကုန်းကျော်လမ်းဘက်ကို ဝင်မယ်ဆိုရင်လည်း အဲဒီလမ်းခွဲလေးကပဲ ဝင်ရပါတယ်။   ဘုရင့်နောင်လမ်းဘက်ကလာရင် ဆင်မလိုက်မီးပွိုင့်ကို မဝင်ခင်မှာ  အဲဒီလမ်းခွဲလေးနေရာမှာ (ဘုရင့်နောင်လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ) လမ်းလယ်တုံးတွေကို ပိတ်မထားပဲ ကားကွေ့သွားနိုင်အောင် […]