လင်းဝေMay 3, 20121min41125
မနေ့က ကြေးမုံသတင်းစာ ရှေ့မျက်နှာ သတင်းခေါင်းစဉ်ကြီးက မိုက်တယ်။ သို့သော် ဘယ်သူမှ သတိထားမိကြမယ် မထင်သလို သတိထားမိရင်တောင် ဘယ်လိုမှ ခံစားမိကြပုံလည်း မရဘူုးထင်ပါရဲ့။ ဘယ်သူမှ ဘာမှ ပြောသံကို မကြားမိလို့ပါ။ သတိထားမိသူများကလည်း ဘယ်လိုမှ ဖြစ်နိုင်ချေမရှိသော အရာကို ပြောနေတယ်များ မှတ်ယူကြလေသလားမသိပါဘူး။ ဘာသတင်းခေါင်းစဉ်များလဲဆိုတော့….. “ နိုင်ငံသား အားလုံး အကျုံးဝင်စေမည့် လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေသစ်တစ်ရပ်ပြဌာန်းရေးကြိုးပမ်းနေ ” တဲ့။ လားလား တကယ့်အကြီးကြီးနော်။ ကိုယ်လည်း မသိပါဘူး အဲဒါကြီးကို မနေ့ကလည်း သတင်းစာမဖတ်ဖြစ်ဘူး။ ဒီနေ့ ထမင်းစားပြီးချိန်လေး သတင်းစာတစ်စောင် ကို စားပွဲတစ်ခုပေါ်မှာတွေ့လို့ မျက်စိကစားကြည့်တော့ တွေ့မိတဲ့ခေါင်းစဉ်ပါပဲ။ ဒီအကြောင်းကြီးကို ဘောင်းဘီချွတ်အခက် တိုင်းရင်းသား အချက် နဲ့ ဒုသမ္မတ တက်ဖြစ်နေသူက အလုပ်သမားနေ့အခမ်းအနားမှာ […]