ကထူးဆန်းတစ်ယောက် တစ်တောင်ကို ကုလားထိုင် လက်တန်းပေါ်ထောက် မေးကိုလက်ဖဝါးပေါ်တင် မျက်စီပိတ်၍ စဥ်းစားခန်းထုတ်သည် ။ မျက်မှန် အသာမ၍မျက်စိမှိတ်၊ နှာရိုးထိပ် အား နှိပ်နှယ်ရင်းလည်း စဉ်းစားသည် ။ ထိုသို့လုပ်ကာလုပ်ကာ စဉ်းစာ နေသည်မှာ ခြောက် ရက်ခန့်ရှိပြီ။ လုပ်သင့် ။ မလုပ်သင့် ။ ပြောသင့် ။ မပြောသင့် ။ ပြောလိုက်လို့စိတ်ဝမ်းတွေ ကွဲကုန်လျှင်လည်း ဒုက္ခ ။ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည် ။ မပြော မပြီး မတီး မမည် ။ ပြောလိုက်မည် ။ ပြောလိုက်မည် ။ နောက်ဆုံး အတီးခံရလည်း ဦးပေ တစ်ယောက်လုံးပြောထားတာ ရှိသည် ။ ဒါနဲ့ လျှောချရမှာဘဲ ဟု စဥ်းစားလိုက်မှ ဆုံးဖြတ်ချက်ခိုင်မာသွားသည် […]