ခုတစ်လောဖတ်ဖြစ်တဲ့စာအုပ်တွေထဲကနေ ပြန်လည်ကောက်နုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မတစ်ခါတလေ ရေးစပ်တဲ့အရာတွေဟာ ကဗျာလား၊ စကားပြေလား နောက် ကာရန်နဘေ၊ လေးလုံးစပ်၊ ငါးလုံးစပ်လား၊ လေးချိုး၊ ဒွေးချိုး၊ မော်ဒန်ကဗျာလား စတဲ့ အတွေးပေါင်းများစွာနဲ့ ဘယ်ထဲမှမပါရင် ဘယ်လိုခေါ်ရမလဲဆိုတာ လေ့လာသုံးသပ် ဆန်းစစ်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကို သတိရမိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး တာစူနေချိန်၊ နယ်ချဲ့ပယောဂကြောင့် ကုလားဗမာအဓိကဂုဏ်းကြီးဖြစ်ခဲ့တဲ့အခါမှ စိတ်မအေးနိုင်လို့ လေးချိုးတစ်ပုဒ်ရေးခဲ့တာကို တွေရှိရပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒဂုန် ပရမေရှင် ပတ္တမြားကနုတ် နဂါးရုပ်တွေနှင့် ဘုရားမုခ်အဆင်းတွင်မှ ဓား၊ တုတ်၊ ပုလင်းတဝင်းဝင်းတွေနှင့်တဲ့ သတင်း အရိပ်နိမိတ်တဆိတ်ထွက်သဟာ (အိုကွယ်) ကုလားအရုပ်ရှင်းရော့မထင့် အင်္ဂလိပ်လက်ထက်မှာ အများတစ်ခု မြန်မာတွေနှင့်တကွ ကုလားစုသတ္တဝါတွေကို သနားကရုဏာအတိုင်းရယ်နှင့် (ဪ) အခွန်တိုးစာရင်းတွေနှင့် ဝန်ထမ်းပိုးမကင်းနိုင်တဲ့ […]