ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရင်ခုန်သံ

manawphyulayOctober 18, 20111min1121

ခုတစ်လောဖတ်ဖြစ်တဲ့စာအုပ်တွေထဲကနေ ပြန်လည်ကောက်နုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မတစ်ခါတလေ ရေးစပ်တဲ့အရာတွေဟာ ကဗျာလား၊ စကားပြေလား နောက် ကာရန်နဘေ၊

လေးလုံးစပ်၊ ငါးလုံးစပ်လား၊ လေးချိုး၊ ဒွေးချိုး၊ မော်ဒန်ကဗျာလား စတဲ့ အတွေးပေါင်းများစွာနဲ့ ဘယ်ထဲမှမပါရင် ဘယ်လိုခေါ်ရမလဲဆိုတာ လေ့လာသုံးသပ် ဆန်းစစ်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကို သတိရမိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး တာစူနေချိန်၊ နယ်ချဲ့ပယောဂကြောင့် ကုလားဗမာအဓိကဂုဏ်းကြီးဖြစ်ခဲ့တဲ့အခါမှ စိတ်မအေးနိုင်လို့ လေးချိုးတစ်ပုဒ်ရေးခဲ့တာကို တွေရှိရပါတယ်။
အဲဒါက ဘာလဲဆိုတော့

ဒဂုန် ပရမေရှင် ပတ္တမြားကနုတ်
နဂါးရုပ်တွေနှင့်
ဘုရားမုခ်အဆင်းတွင်မှ
ဓား၊ တုတ်၊ ပုလင်းတဝင်းဝင်းတွေနှင့်တဲ့
သတင်း အရိပ်နိမိတ်တဆိတ်ထွက်သဟာ
(အိုကွယ်) ကုလားအရုပ်ရှင်းရော့မထင့် အင်္ဂလိပ်လက်ထက်မှာ
အများတစ်ခု မြန်မာတွေနှင့်တကွ
ကုလားစုသတ္တဝါတွေကို
သနားကရုဏာအတိုင်းရယ်နှင့်
(ဪ) အခွန်တိုးစာရင်းတွေနှင့်
ဝန်ထမ်းပိုးမကင်းနိုင်တဲ့
အလွန်ဆိုးခြင်း ပမာမှာလေ
ကျွန်မျိုးချင်း စာနာလို့မှ
မနှိုင်းကြရော့သလား
နထိုင်း နပျက် နနက် နပြာတွေကိုနော်ကွယ်
အရိုင်းသက်သက် တစ်ပိုင်းနှက်သလိုမို့
(အို အုန်းခင်ရဲ့) ကသိုဏ်း ဓမ္မစက်
စကိုင်းဖက်ဆီက မှိုင်းရှက်သကွား။

အင်္ဂလိပ်လက်အောက်မှာ ကျွန်သဘောက်ဖြစ်နေကြရတဲ့သူချင်းအတူတူ စာနာလို့မှ မနှိုင်းကြရော့သလားလို့ ကရုဏာဒေါသောနဲ့ ဒီလေးချိုးကို ရေးလိုက်တာလို့ လေ့လာတွေ့ရှိရပါတယ်။ အဲနောက်

မှတ်သားစရာ အလွန်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကိုလည်း ပြောပြချင်သေးတယ်။
ဪ အဆောင်ဆောင်နန်းတွေ ကြဌာန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စခန်းချို့စေဖို့
အောင်ပန်းညို့ရရှာတဲ့
တောင်တမန် တို့ဗမာမှာ
အဟောင်းသံသရာ
အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ
ယင်းကံကြမ္မာ အငုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့
ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပဝါအုပ်ပါလို့
ကျုပ်ဖြင့် သင်္ဂြီုဟ်ချင်။
ဪ တပည့်ရင်းတွေမို့
ကဝိမတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်မရနိုင်ဘူး
ဪ တောင်နန်း မြောက်နန်း
အဆောင်ဆောင် ကြငှန်းနဲ့
အခေါင်မမြန်းခင်က
အောင်ပန်းညှို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။
။ တဲ့လေ
ဒီကဗျာလေးကတော့ ရင်ခုန်သံကို ကိုယ်စားပြုတာပါ။ ၁၉၄ရ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များ ကျဆုံးရတဲ့အတွက် ရေးလိုက်တဲ့ ဆရာကြီးရဲ့ ကဗျာဟာ

သခင်ကိုယ်တော်မှိုင်းရဲ့ ရင်ခုန်သံပါပဲ။ ဒီလို ကဗျာတွေ ဖတ်လိုက်ရတာ တကယ့်အနှစ်သာရကို ပေးစွမ်းပါတယ်။ တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်မိသလို ပြောချင်တဲ့စကားတွေကို လိုရင်းတိုရှင်းနဲ့ ထိထိမိမိ

ထွက်လာတဲ့ ပေါက်ကွဲသံစဉ်တွေလို့ ပြောလို့ရတာပေါ့နော်။
ကျွန်မတို့လို ဘာမသိညာမသိ လူတွေဖတ်တာတောင် ဒီလောက် အနှစ်သာရှိနေရင် တကယ့်အနှပညာရှင်တွေရဲ့ ခံစားချက်တွေဆိုရင်တော့ စာဖွဲ့လို့ ရနိုင်မယ် မထင်တော့ပါဘူး။ ရှေးယခင်ထဲက

တိုက်ပွဲတစ်ကာ တိုက်ပွဲတွေကြားထဲမှာ ကလောင်တိုင်ပွဲနဲ့ ဆင်နွှဲခဲ့ကြတဲ့သူတွေ အများအပြား ပေါ်ထွန်းခဲ့တာ ကျွန်မတို့မြန်မာတွေအတွက် ဂုဏ်ယူစရာတွေ၊ အတုယူစရာတွေ ဖြစ်ခဲ့ရပါတယ်။ နောင်လာနောင်သားတွေလည်း ဒီလိုစာပေအမွေ၊ အနုပညာများကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့သူတွေထဲမှာ ကျွန်မလည်း တစ်နိုင်တစ်ပိုင် တစ်တပ်တအား ပါဝင်ချင်ခဲ့တယ်ဆိုတာကို ကျွန်မ မစွမ်းဆောင်နိုင်သေးတဲ့ဘဝကနေ ပြောလိုက်ပါရစေရှင်။

One comment

  • small cat

    October 19, 2011 at 4:57 am

    လူတိုင်းမှာ ခံစားချက်တွေ၊ရင်ခုန်သံတွေ ရှိကြပါတယ်၊
    ဒီရင်ခုန်သံတွေကို အနုပညာ ရသမြောက်အောင်ဖော်ညွှန်းပြဖို့ကို
    လူတိုင်းမတတ်နိုင်ပါဘူး၊ ပါရမီအခံရှိတဲ့သူတွေမှ ဖြစ်နိုင်ပါတယ်။

Leave a Reply