KingJanuary 4, 20123min1609
သံလွင်ချောင်းခြား တို့နှစ်ဦးသား မေတ္တာပေါင်းကူး တံတားဖြူးလို့ မဝေးတော့ပါ မေတ္တာကမ္ဘာ ………….. ကြုံဆုံခွဲခွာ လူ့ဘဝမှာ တွေဆုံကြုံကွဲ ဖြစ်မြဲတိုင်းသာ မှတ်ယူထားက ရွှေစိတ်နှလုံး အစဉ်ငြိမ်းသည် …… သို့မဟုတ်က အပူရုပ်က လူလုံးကြွလာ မြင်သူစိတ်ဝမ်း မချမ်းမသာ ဖြစ်ရရှာမည် …….. သို့သော်ငြားလည်း သစ္စာရှိစွာ စောင့်နေမှာကို စိတ်တွင်စွဲမှတ် တွေးထင်မှတ်၍ ချစ်ခဲ့သမျှ ထိုကာလကို ပြန်မြင်ယောင်ရင်း ကြည်နူးလှည့်ပါ ချစ်ရသူရာ …… <3 !!!!!!!!!!!!!!!!! KING !!!!!!!!!!!!!!!!!


KingJanuary 3, 20121min1658
ဆိုင်းမဆင့် ဗုံမဆင့် မိုးတွေရွာ မင်းကို လွမ်းမောမိတယ်ကွာ ဆောင်းတွင်းမှာ မိုးတွေသည်း ချစ်လိုက်ရတာ အရမ်းကိုပဲ မြေသင်းရနံ့လေး မွှေးလိုက်တာ သတိရလိုက်တာ အရမ်းပဲဗျာ မကြာခင်မှာ မိုးလည်းတိတ် မင်းကိုလွမ်းတဲ့စိတ်နဲ့ အိပ် အိပ်ယာထဲလည်း အိပ်လို့မပျော် ကွန်ပျူတာလေး ဖွင့်မယ်နော် အင်တာနက်လည်း လိုင်းလည်းတက် MG Page ကိုဆက် ရွာထဲမှာလည်း လိုက်လို့အော် ရွာဆော်တွေနဲ့ ပျော် အပျင်းအပြေ ထိုင်းရင်းဖတ် မိုးလင်းပြန်ပြီ ဒီတစ်ရက် မျက်စိပါဝါတွေပါတက် …. 😛


KingJanuary 1, 20121min1598
ရင်ဘတ်က အောင့်လာ လွမ်းဆွတ် ဝေဒနာကို မဖြေသာ ရင်မှာပိုက်လို့ တိုးတိတ်ကာလွမ်း ဟိုးအတိတ်က အနမ်း ….. <3 မေ့မရလို့ တမ်းတ လွမ်းရတဲ့ ငါ့ဘဝ လှမ်းခွင့်ကမသာ မင်းဘက်က ဆွေမျိုးကြောင့်ပါ အခုတော့ငါ ….. မင်းဘဝချမ်းသာဖို့အရေး နှလုံးသားကိုစတေးလို့ လမ်းခင်းပေးလိုက်ပါ့မယ် …. ကြမ္မာရဟတ် တစ်ပတ်လည်လို့ ပြန်ဆုံတွေ့ခဲ့ရင် အရင်အတိုင်းပဲ ချစ်မြဲ ချစ်နေတဲ့ ငါ …. <3 … ( ! _ ! )  : : : : : KING : : : : :