ကျောင်းဆင်းခေါင်းလောင်းသံက စည်းချက်မကျ မြည်ဟီးလာသည်။ ကလေးငယ်တို့၏ နိုင်ငံတော်သီချင်းသီဆိုသံက သံပြိုင်ထွက်ပေါ်လာ၏။ တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းပတ်ဝန်းကျင်သည်လည်း ကလေးငယ်တို့၏ ဆူဆူညံအသံများကြား သက်ဝင်လှုပ်ရှားလာပါသည်။ ကျောင်းရှေ့သစ်ပင်ပေါ်မှ ဝုန်းကနဲ ထပျံသွားသော ခိုငှက်တစ်အုပ်နှင့် မြေပြင်ပေါ်မှ ကျောင်းသားအုပ်တို့ အပြိုင်ကျဲနေကြသလို ရုတ်ရုတ်သည်းသည်း ရှိလွန်းလှ၏။ သူ့ထက်ငါ ဦးအောင် ကျောင်းတံခါးဝတွင် စုပြုံတိုးနေကြသော ကျောင်းသားများ၏နောက်နားတွင် ဖိုးကျော် တစ်ယောက် တဖြည်းဖြည်းချင်း လိုက်လာနေပါသည်။ အမြန်မရောက်လျှင် အိမ်ကထွက်ပြေးတော့မတတ် တိုးဝှေ့နေကြသော ကျောင်းသူ၊ ကျောင်းသားများကို ဖိုးကျော် နားမလည်စွာ ငေးကြည့်နေမိသည်။ တစ်နေကုန် မိဘနှင့်ခွဲပြီး အိမ်အပြန်တွင်တွေ့ကြရမည့် သူများတွေဘဝကို စာနာမိသလိုလိုတော့ ဖြစ်မိ၏။ လာရောက်ကြိုနေသော မိဘများ၏လက်ကိုဆွဲပြီး ခုန်ပေါက်မြူးတူးစွာ ပြန်သွားကြသော အဖော်များကို အားကျစွာငေးမောရင်း ဖိုးကျော်တစ်ယောက် တလှမ်းချင်း လမ်းလျှောက်ပြန်လာခဲ့တော့သည်။ ×××××××××××××××××××××××××××× ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ဖိုးကျော်တို့ […]