alinsettJune 1, 20121min114123
အခန်း(၁) ၂ဝဝ၁ခု၊ ဒီဇင်ဘာ ၁၉၇၅ ခု၏ အေးစိမ့်သောဆောင်းရာသီတစ်ရက်က တစ်ဆယ့်နှစ်နှစ်သားအရွယ် ကလေးဘဝကို ယခုကျွန်တော် ပြန်ရောက်နေသည်။ ထိုနေ့က တမိုးလုံးမှောင်ဝေကာ ရိုးချောင်းလေးသည်ပင် ရေတွေခဲလျက်ရှိသည်။ ဖရိုဖရဲပြိုလဲနေသော ရွှံ့နံရံနောက်ဝပ်၍ ရိုးချောင်းအနီးမှ လက်ကြားလမ်းလေးထဲ ချောင်းနေခဲ့ရသော ထိုအခိုက်အတန့် ထိုကာလကို ပြက်ပြက်ထင်ထင် အမှတ်ရနေသည်။ နှစ်တွေမနည်းတော့။ သို့သော်ငြား အတိတ်ဟုဆိုလျှင် မဟုတ်သေး။ အတိတ်ကို ဘယ်ပုံဘယ်နည်း မြေမြှုပ်သဂြိုလ် နိုင်ကြောင်း ကျွန်တော် လေ့လာသင်ယူခဲ့ခြင်းမှာ အတိတ်သည် ကျွန်တော့်အပေါ် ကုပ်ကတ်တွယ်တက်လာနေသည်။ ခုတော့လည်း အတိတ်ကို လည်ပြန်လှည့်ကြည့် လိုက်မှ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်လုံးလုံး ထိုလက်ကြားလမ်းလေးထဲကိုသာ ကျွန်တော်အစဉ်တစိုက် ချောင်းနေခဲ့ပါကလားဟု သိလိုက်ရတော့၏။ နွေတုန်းက ပါကစ္စတန်မှ ကျွန်တော့်မိတ်ဆွေကြီး ရာဟင်ခန် ကျွန်တော့်ကို ဖုန်းဆက်ခေါ်သည်။ သူ့ကိုလာတွေ့ဖို့ပြောသည်။ မီးဖိုချောင်ထဲ ဖုန်းခွက်ကိုင် လျက်သား […]