alinsettMay 1, 20141min38228
ဘုရား ဘုရား ဒီညလည်း အိပ်မပျော် လန့်နိုးလာခဲ့ပြန်ပြီ။   အတွေးတွေနဲ့ ကြောက်လန့်တကြား လန့်နိုးခဲ့ရတဲ့ အိပ်ပျက်ညတွေ အတော်များပြီပဲ။   တကယ်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည် ။ ဘာအတွက် ထိတ်လန့်နေသလဲ ဘာကို ကြောက်ရွံ ့နေသလဲ ဘာက ကျွန်တော့်ကို တုန်ရီလှိုက်မောစေသလဲ အဖြေမရှိသော ပုစ္ဆာတော့မဟုတ်ပါ ။   ရင်တွင်းတနေရာရာက တုန်တုန်ရီရီဖြစ်နေတာ သေချာသည် ။ တစ်ခုခုကို ကြောက်ရွံ ့ ထိတ်လန့်နေတာ သေချာသည်။ အချိန်က ည နှစ်နာရီ လူတွေအားလုံး အိပ်မောကျနေချိန် ဒါလည်း သေချာသည် ။ ကံကြမ္မာဆိုးတွေ ထပ်ဝင်လာမှာကို ကြောက်နေတာများလား။ အတိတ်တုန်းကလို သေချင်လောက်အောင် ပူဆွေးသောက ရောက်ခဲ့တဲ့အဖြစ်ဆိုးမျိုးတွေနဲ့ ထပ်ကြုံရမှာကို ကြောက်နေတာ ထင်ပါရဲ […]