ကထူးဆန္းJune 3, 20122min39129
ကားတွေ စည်းကမ်းဖောက်တာ ဂျာနယ်တွေမှာ ရေးကြ ပြောကြတာလည်း ကြာပါပြီ။ လူတွေလည်း သေခဲ့ကြ သေဆဲပါဘဲ ။ ဒါပေမဲ့ ယာဉ်ထိန်းရဲများနှင့် လမ်းစည်းကမ်းထိန်းသိမ်းရေးကတော့ သတင်းစာထဲမှာဘဲ အစည်းအဝေးခန်းထဲမှာဘဲ လမ်းစည်းကမ်းထိန်းသိမ်းနေပါတယ်။ ဘယ်တော့များ တင်းကြပ်တဲ့ စည်းကမ်းထိန်းသ်ိမ်းမှု့တွေလုပ်မလဲလို့ မျှော်ရင်းနဲ့ မျှော်သူမောရပါပြီ။ မီးပွိုင့်မှာ ရှိတဲ့ ယာဉ်ထိန်းရဲတွေ အရေးကြီး ယာဉ်တန်းရှိမှ ရုံထဲက ထွက်တဲ့ အကျင့် ပြင်ဖို့လိုပါပြီ။ ဝင်ငွေပိုကောင်းနိုင်မဲ့ လိုင်စင်စစ်တာ ၊ ကုန်ကားတွေ ၊ ကားငယ်တွေ လုပ်ငန်းလိုင်စင် စစ်တာတွေ ရပ်ပြီး ယာဉ်မောင်းတွေ စည်းကမ်းသေဝပ်အောင် ထိန်းသိ်မ်းတဲ့ အလုပ် ဦးစားပေးလုပ်သင့်နေပါပြီ။ စည်းကမ်းရှိတဲ့ ယာဉ်မောင်းတွေ မောင်းမရလောက်အောင် စိတ်ညစ်ညူးအောင် စိတ်မရှည်လောက်အောင်ဖြစ်နေတာတွေကို ထိန်းသိမ်းသင့်ပါပြီ။ တကယ်တော့ စည်းကမ်းရှိရင်ရန်ကုန်မြို့ က ကားတွေ ဒီလောက် […]