~~~~~~~~~~~~ အကြောင်းကံဖန်လာမှ လမ်းတစ်ဝက်မှာတွေ့တာပါ ရမ်းပြီးမထပါနဲ့ ကျွတ်ကျမယ့်အရာတွေအတွက် စိတ်ကလေးတစ်ခုနဲ့မမြင်ရဲဘူး အရူးတွေထူးတာကိုအားကျတတ်ပေမယ့် မရူးရဲသူဆိုတော့လည်း အထူးကော်ဆဲဖို့တော့ မရဲတရဲရယ်လေ စိတ်ကို မာမာထားမလိုပါပဲ ဒါပေမယ့်ပြုတ်လိုက်တော့ ကြက်ဥတစ်လုံးလို ပျော့ရွဲရွဲလေးဖြစ်နေတာ ခက်တယ် မတ်တပ်ရပ်မလို့ဆိုမှ ဖုတ်ဖတ်ခါထတဲ့အခါ အနံ့တွေလှိုင်ထွက်နေတော့ နှာခေါင်းရှုုံ့နေတဲ့လူတွေကြားထဲ ခြေချင်းလိမ်ထားသမျှ ထွက်ကျသွားတဲ့ ကျင်ငယ်တွေက သိပ်နံတယ်မေမေ မြို့ကြီးပြကြီးမှာ ဆီးဝမ်းသွေးလေတွေချုပ် ပထဝီတေဇော အာဘောဝါယောတွေလည်း ဓါတ်ဗူးကြီးလေးလုံးလို ရိုက်ခွဲမရ သလုံးသားဖြူဖြူလေးတွေငေးမရတော့ ဟပ်တက်ကွဲပက်ကြားအပ်နေတဲ့ ရင်ခွင်မှာ စားဖားတွေခုန်ခုန်ထွက်တာခဏခဏ အရောင်မတောက်တဲ့ ခပ်ညစ်ညစ် ပုတက်တစ်ကောင်က ဖွတ်လိုလိုဟန်ဆောင်ဖြတ်လျှောက်သွားတော့ ဖြတ်ခနဲရိုက်ချပြီးအရေနွာတဲ့အခါ အစိတ်သားမပြည့်ပဲ ဟင်းအိုးထဲမှာ အတုံးလိုက်အတစ်လိုက် ရေကူးသွားတယ် မေမေ ရေတစ်ခွက်သောက်ဖို့ ကျိုူချက်ထားသလားမေးတဲ့ပါးစပ်ကို ဘရိတ်အုပ် စမ်းရေမှာ မလေးရီးယားဖြစ်နိုင်မယ့် ပိုးတွေပါမလားနဲ့ ငှက်ပျောသီးလည်းမစားရဲခဲ့ပါဘူးမေမေ ဒါတွေက မဆိုင်တာတွေ မယောင်ရာဆီလူးလိုက်ပြီး ငြိနေတဲ့အောက်ဆုံးအသိစိတ်ကို […]