မဟာရွှေမြို့တော်ကြီးရန်ကုန်ဆီသို့……. ကျွန်ုပ်သည်ခြေချမိလိုက်သည်နှင့်တစ်ပြိုင်နက်ချွေးများတပြိုက်ပြိုက်ကျဆင်းလာလေတော့သည်……. အောင်မလေးပူလိုက်တဲ့ဖြစ်ခြင်း…… ရှမ်းပြည်ကကားစီးလာတာညောင်းပေမယ့်တက်ကစီတစ်စီးကဆင်းငှားရသေးသည်….ပါရမီကားကွင်းတွင်… အစ်ကိုအစ်ကိုမြောက်ဒဂုံကိုသွားချင်လို့.….အေးညီလေးနဲနဲသွားရင်မင်းရောက်နေပြီလေ……သွားချင်သပဆိုရင်တော့မြို့တစ်ပါတ်ပါတ်ပြီးဒီမှာ ပြန်ချပေးမယ်ဘယ်လိုတုန်း……တိန်တေဘီခြာပဲ…….နာကိုကမှားပါတယ်လေ….. ဟုတ်ဝူးကိုကြီးရဲ့…..မြောက်ဒဂုံသုံးဆယ့်နှစ်ကိုသွားချင်လို့ပါ……..အဲဒါဈေးဘယ်လောက်လဲ……. ကားဆရာမေးစေ့ကိုပွတ်ရင်းဖြင့်စဉ်းစားနေသည်….အင်းဒီငတိကသေချာတယ်တောကတက်လာတာပဲနေမှာ….. ဒီမှာတောသား..အဲလေညီလေးသုံးထောင်ပဲပေးပါ…... ဗျာာာာာာာာာ……တော်တော်လေးဗျာသွားသည်ထင်…….ကားဆရာတောင်လိပ်ပြာလွင့်သွားသည်…ဒီလိုတော့ဘယ်ရမလဲ…ပြန်လာ ခဲ့… ကလူကလူတောက်တောက်..အဲလေ……ဒီလိုတော့ဘယ်ရမလဲအစ်ကိုကျွန်တော်ရန်ကုန်ခဏခဏလာဖူးတယ်လာတိုင်းလဲဟိုနဲ့ဒီကို တစ်ထောင်ပဲ…..ဗျာာာာာာာာာာာာ….ဒီတစ်ခါဗျာတာကတော့ကားဆရာပင်ဖြစ်ပေတော့သည်…..အောင်မငီးတောသားရယ်အဲလေ…ငါ့ညီရယ် ငါ့မန်မန်းအိုးကိုတော့မခွဲပါနဲ့ကွာ……..ကဲကဲပြောကြာတယ်…..မင်းဘယ်လောက်စေတနာရှိတုန်းအချိန်ကလဲနံနက်သုံးနာရီဆိုတော့ကားခက်မယ်နော်… ခြိမ်းခြောက်သောလေသံပါလာပေပြီ….အင်း……မငှားပဲလမ်းလျောက်ရအောင်လဲမာမားကြီးကနေမကောင်းသကိုး…..လမ်းလျောက်လဲအိမ်က တစ်မိုင်လောက်လိုသေး……မိုးကလဲမှောင်ဒီကားသမား….နံပါတ်မှတ်ပြီးနောက်မှခြိမ်းခြောက်မှုနဲ့အမှုဖွင့်မယ်…..မောင်ရှမ်းဆင်ကြံကြံပေပြီ…. “ကဲကိုယ့်ဆာ…….နှစ်ထောင့်ငါးရာပေးမယ်လိုက်ချင်လိုက်မလိုက်ရင်မနက်မိုးလင်းတဲ့အထိဒီမှာထိုင်စောင့်ပြီးအိမ်ကကားလာခေါ်ခိုင်းမယ်….ပို့ချင်ပို့ မပို့ချင်နေ…”….ကားဆရာလဲရေကူးညှာတင်ပြောထားသဖြင့်လိုရင်းရောက်သည်ကတစ်ကြောင်း……ပြန်လည်ခြိမ်းခြောက်သည်ကတစ်ဖုံ… “အမှုဖွင့်နိုင်သည်ဆိုသည်ကိုတွက်ဆမိသည်ကတစ်မျိုးဖြင့်….လိုက်ပါ့မယ်ကွာတောသားတွေကိုသနားလို့နော်“………“ဘာာာာာာာာာာာာာာာာာ အဲလေမှားလို့ညီအစ်ကိုလိုခင်လို့နော်…..အင်းဒီလိုလုပ်ပါ………..နောက်ပြီးကျွန်တော်ကတောကတက်လာတာမဟုတ်ဘူးဗျ….တောင်ပေါ်ကဆင်းလာ တာလူကိုများအထင်သေးပြီးရာရာစစကားဆရာခင်ဗျားထက်မြင့်တယ်နော်ကျွန်တော်က..”...ဟင်းဟင်းဘယ်ရမလဲမောင်ရှမ်းတို့အဲလိုကိုကြွားပိုက်တာ… ကကလေးသည်ခခလိ်ုရာသို့ပို့ဆောင်ရန်တလိမ့်လိမ့်ဖြင့်ထွက်လေပြီ……… လမ်းတွင်ဘေလီတံတားအသစ်ကြီးတည်ဆောက်နေသည်ကိုမြင်သောအခါတွင်မူ………. “ဟေးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟာာာာာာာာာာာာာာာာာ” ကားသမားဘရိတ်ကိုတံတားဟိုဘက်လွန်မှဆောင့်အုပ်လိုက်သည်……ပြီးနောက်ဘေးမှထိုင်နေသောကျွန်တော့်ကိုကြည့်လေသည်……. ထို့နောက်မောင်ရှမ်းမာမားကြီးကိုတစ်လှည့်ကြည့်ရင်း………“အဒေါ်အဒေါ်စိတ်ရောဂါသည်ကုဖို့တောင်ပေါ်ကဆင်းလာတာလားဗျ“…… ကျွန်တော့်ရဲ့မာတာမိခင်သည်မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့်သားဖြစ်သူကျွန်တော့်အားကြည့်လေသည်……. ထိုအကြည့်မှာ…..ငါ့သားမြို့တက်ပြီးလူလည်လုပ်ချင်တာလောလောဆယ်တော့လူကိုလည်ထွက်ပြီးမူးရင်းဂေါက်လေပြီဆိုသော… အဒိတ်ပါယ်မျိုးပါလာသဖြင့်….“ဟာမာမားသားကိုဒီလိုမကြည့်ပါနဲ့….သားကအရင်လာတုန်းကဒီဘေလီတံတားကတစ်စင်းပဲရှိတာ ခုနှစ်ဆင်းဖြစ်တော့မယ်ကားတွေပိုသွားလို့ရတော့မယ်ဆိုပြီးဟေးးးးးးးးလို့ပျော်ပြီးအော်တာ………..နောက်တော့………..လောလောဆယ်မှာ ကားတွေဒီတံတားပေါ်ပိုကျပ်တော့မယ်ဆိုပြီးဟားးးးးးးးးးးးးးးးးးးးလို့စိတ်အိုက်ပြီးအော်တာ….ဟာာာာာာာာာာဆိုတာကတော့…… ဒီတံတားကြီးကိုမြန်မြန်ဆောက်ဖို့တိုင်းဒေသကြီးသက်ဆိုင်ရာတွေကခိုင်းမှာပဲ……မြန်မြန်ပြီးဖို့အရေးမကြီးဘူးမခိုင်ရင်ကျိုးမှာစိုးတာရယ်…. မြန်မြန်ပြီးများများခိုပြီးဆောက်တော့မယ်ဆိုတာရယ်ကိုစဉ်းစားမိပြီးဟာာာာာာာာလိုက်တာဗျ….အဲဒါကိုဒီတုံးတုံးအအကားဆရာကသာ းကို စိတ်ရောဂါသည်ပြောနေတယ်မာမားရေ……ဟေ့လူခင်ဗျားကျုပ်ကိုရွာသာကြီးမသိဘူးများမှတ်နေလို့လား….ဂေါက်နေရင်ခင်ဗျားကို ရွာသာကြီးလိုက်ပို့ခိုင်းမှာပေါ့ခုမဂေါက်လို့သုံးဆယ့်နှစ်ကိုလိုက်ပို့ခိုင်းတာပေါ့……နောက်တစ်ခါဂေါက်ခါနီးကြရင်ခင်ဗျားကိုအသင့်ခေါ်မယ်ကြားလား….” “အောင်မလေး…..ပညာတုံးလေးရယ်…..တစ်ခြားတော့မဟုတ်ဘူးပညာတွေတုံးတုံးကုန်လို့ပညာတုံးလေးခေါ်တာ………..ပညာတွေအတုံးလိုက်အခဲ လိုက်ရှိလွန်းလို့တော့မထင်နဲ့…ဒီခေတ်ကြီးကခင်ဗျားပြောသလိုကွယ်ဝှက်ပြီးခိုးမစားဘူးဗျ…..လမ်းတံတားကြေးဆိုပြီးတိုးဂိတ်တွေဆောက်….. ပေါ်တင်တောင်းစားတဲ့ခေတ်ရောက်နေပြီမသိရန်ကောဗျာ………..” ဆက်ရန်……….. ခင်ရပါသော…..မောင်ခ….ရှမ်းပြည်သား(တောင်ပိုင်း)