WowSeptember 7, 20121min24814
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး) “အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို တွေ့ရလေသည်” (ကာနယ် ချစ်ကောင်း) မိုးသီး ပြောပြီးသား စကားပဲ ပြန်ပြောရတော့မယ်။ အိမ်လွမ်းစိတ်ဆိုတာလည်း ဓားလှံ လက်နက်လိုပဲ အမြဲ ထက်နေအောင် သွေးနေရတယ်။ မင်းဓား ထက်တာလည်း အစ်ကို သိတယ်။ အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း မင်းသိတယ်။ ဒါပေမဲ့ အခုတော့ ဒို့ဓားတွေ တံတွေးဆွတ် ခံလိုက်ရပြီ။ မိုးသီးရေ မင်းပြန်ခဲ့တော့။ မင်းရဲ့အိမ်ပြန်လမ်းကို ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့ မင်းပြန်ခဲ့တော့။ ၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့ အဝေးရောက် သားတယောက်ရဲ့ အိမ်ပြန်လမ်းဟာ အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။ ဒါပေမဲ့ ခုတော့ […]