ကျွန်မအခုပြောချင်တာလေးကတော့ ပြီးခဲ့တဲ့ စနေနေ့က ကွန်ဖူး ၅ ဖော် နှင့် ရွာသူ/သား အချို့တွေ့ဆုံ ခဲ့ပုံလေးပါ ကွန်ဖူး ၅ ဖော်ကတော့ ကျွန်မရယ် မမအုံရယ် ကိုဖက်cat မိတိုက်မ နှင့် မိတူရတု့ိပါပဲ တွေ့မယ့်နေရာကတော့ Market Place မှာပါ …. ၁နာရီမှာ ဆုံရန်ချိန်းထားကြ၏ သို့ပေသည့် ကျွန်မ တို့ရုံးက ၁၂ နာရီကဆင်းတော့ ဗိုက်ကလည်းဆာနေတာနှင့် ရုံးကဖယ်ရီလေးနဲ့ ဂုံးဆင်းလိုက်ပြီး Market Placeကိုသွားခဲ့တယ် ရုံးပြေးမမအုံကတော့ကြိုရောက်နှင့်လေရဲ့ ဒါပေသည့် ကားပေါ်ကနေ ရှိုးစမိုးအပြည့်နဲ့ ဆင်းနေသောကျွန်မကတော့မမြင်ပါ တူရကတော့ အားကြိုးမာန်တက် မမအုံဟိုမှာ သူ့မျက်နှာမှာပုစဉ်းကပ်နေလေရဲ့လို့ ကလေးငယ်တစ်ယောက်ပမာအော်နေလေတော့ ကျွန်မလည်း အပြေးအလွှားလေးမျက်စိကိုကစားကာရှာမိလေသည် ဟုတ်ပ မမအုံက မျက်မှန်ကြီးနဲ့ စတိုင်အပြည့် ဒါကိုမတူရကမသိရှာတော့ ပုစဉ်းကပ်တယ်အထင်နှင့် အော်နေလေရဲ့ […]