Khaing KhaingMarch 20, 20121min38526
ကျွန်မအခုပြောချင်တာလေးကတော့ ပြီးခဲ့တဲ့ စနေနေ့က ကွန်ဖူး ၅ ဖော် နှင့် ရွာသူ/သား အချို့တွေ့ဆုံ ခဲ့ပုံလေးပါ ကွန်ဖူး ၅ ဖော်ကတော့ ကျွန်မရယ် မမအုံရယ် ကိုဖက်cat မိတိုက်မ နှင့် မိတူရတု့ိပါပဲ တွေ့မယ့်နေရာကတော့ Market Place မှာပါ …. ၁နာရီမှာ ဆုံရန်ချိန်းထားကြ၏ သို့ပေသည့် ကျွန်မ တို့ရုံးက ၁၂ နာရီကဆင်းတော့ ဗိုက်ကလည်းဆာနေတာနှင့် ရုံးကဖယ်ရီလေးနဲ့ ဂုံးဆင်းလိုက်ပြီး Market Placeကိုသွားခဲ့တယ် ရုံးပြေးမမအုံကတော့ကြိုရောက်နှင့်လေရဲ့  ဒါပေသည့် ကားပေါ်ကနေ ရှိုးစမိုးအပြည့်နဲ့ ဆင်းနေသောကျွန်မကတော့မမြင်ပါ တူရကတော့ အားကြိုးမာန်တက် မမအုံဟိုမှာ သူ့မျက်နှာမှာပုစဉ်းကပ်နေလေရဲ့လို့ ကလေးငယ်တစ်ယောက်ပမာအော်နေလေတော့ ကျွန်မလည်း အပြေးအလွှားလေးမျက်စိကိုကစားကာရှာမိလေသည် ဟုတ်ပ မမအုံက မျက်မှန်ကြီးနဲ့ စတိုင်အပြည့် ဒါကိုမတူရကမသိရှာတော့ ပုစဉ်းကပ်တယ်အထင်နှင့် အော်နေလေရဲ့ […]


JuemyitAugust 11, 20101min650
လူ၏အစ ဘယ်က… ဒီကနေ့တော့ဖြင့် ကျနော့်ဇာတ်လိုက် စာရေးကြီး ကိုငှက်ကျား ရုံးကအပြန် ပျော်ပျော်ရွှင်ရွှင်မရှိပါဘူး။ အိမ်ပြန်ရောက်တာနဲ့ တိုက်ပုံအင်္ကျီချွတ်၊ ရှပ်အင်္ကျီချွတ် စွတ်ကြယ်ပြတ်ကလေး ဝတ်ပြီး ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းနဲ့ ထုံးစံအတိုင်း ဖွားဘက်တော် ဂျိုးသိန်းဆေးပေါလိပ်ဖွာပြီး မျက်တောင်ခတ်ဘို့တောင် သတိမရနိုင်ဘဲ စဉ်းစားနေလေရဲ့…။ အရေးထဲ ဇနီးသည် `ချော´ကလဲ အိမ်မှာ မရှိ ဟိုဘက်အိမ်က မခွေးမကြီးနဲ့ မိန်းမတို့ ထုံးစံအတိုင်း သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း၊ ပြောကြ ဆိုကြ ပြီးခါမှ အိမ်ပေါ်ပြန်တက်။ `ကိုငှက်ကျား´အနားမှာ ထိုင်ပြီး ညုတုတုစကားသံ စကားသံလေးတွေနဲ့ ခင်ပွန်းသည်ကို အမောပြေစေပါတယ်။ `မောင်… ဘာတွေစဉ်းစားနေတာတုန်း၊ ချောတယောက်လုံး နူတ်ဆက်ဖေါ်မရဘူး။ ဘာလဲ အုန်းသီးထဲရေက ဘယ်သူလာထည့်တုန်း၊ စဉ်းစားနေတာလား´ ခပ်ရွှန်းရွှန်းလေး ပြောလိုက်တော့- `ထပ်သရီး… ဘာတွေလာ ပြောနေတာလဲ […]