minhtettharApril 16, 20111min1663
သူငယ်ချင်းရဲ့…ဟာသလေးတစ်ခုရယ်ရလို့ဝေမျှလိုက်ပါတယ်စာသားကတော့နဲနဲပြောင်းထားတယ်။ ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို စီစဉ်သူပွကြီး၊ တွေ့ဆုံမေးမြန်းသူပွကြီး၊ ပြန်လည်ဖြေကြားသူ ပွကြီး တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။. “ဖြောင်း….ဖြောင်း…ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ) စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..” အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်များထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။ “ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ပြီး ထွက်လာပါပြီ။ သူကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့ မစ်ဆတာပွကြီးဘဲဖြစ်ပါတယ်” ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ပွကြီးသည် အကျင်္ီပွပွကြီးကို […]