etoneOctober 11, 20101min1340
ဂျက်ရဲ့မိန်းမက အရမ်းကို သဝန်တိုတတ်ပါတယ်။ ဂျက်ကိုအမြဲသံသယ ဖြစ်တတ်ပါတယ်။ တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အကျႌကို အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။ ဆံပင်ချည်တစ်မျှင်မှ … မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သဝန်တိုတတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက “ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ် မဟုတ်လား…” တဲ့။ သမိုင်းဆရာ – ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။ သမိုင်းဆရာ – ကောင်းပြီ၊ ၁၉၂ဝ မှာရော ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။ စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကျပ်ကျပ်တည်းတည်း […]