၁) လူတိုင်း၌ ရူးသွပ်မှု တစ်ခုချင်းစီ ရှိကြပေလိမ့်မည်။ ကျွန်တော်ကတော့ ချစ်ခြင်းအားဖြင့် ရူးသွပ်သည်။ ကျွန်တော် ရူးသွပ်သည့် ကောင်မလေးနာမည်က `မွန်´။ ကျွန်တော့် ရူးသွပ်မှုသည် တစ်ကိုယ်ရည် တစ်ကာယ ရူးသွပ်မှုသာ ဖြစ်သည်။ ထိုကောင်မလေးအပေါ် အဆိပ်အတောက် မဖြစ်စေသလို မည်သူ့အပေါ်မှလည်း အနှောင့်အယှက် မဖြစ်စေခဲ့။ ကျွန်တော်က ချစ်ခြင်းမေတ္တာကို ကြိတ်၍ ကြည်နူးရခြင်းဖြင့် အရသာခံတတ်သူပင်။ ပိုင်ဆိုင်ရမှ အချစ်မြောက်သည်ဟူသော စကားသည် ကျွန်တော်နှင့် လုံးဝဆန့်ကျင်၏။ ထိုစကားသည် ကိုယ့်အတ္တကိုယ် အရောင်ဆိုးခြင်းသာ ဖြစ်သည်ဟု ကျွန်တော် ယူဆသည်။ ကျွန်တော်ကမူ ပိုင်ဆိုင်ခွင့်မရလည်း ချစ်၏။ ပိုင်ဆိုင်ခွင့်မရ၍ မုန်းလိုက်ခြင်းသည် ကျွန်တော့်အတွက်တော့ လှောင်ပြောင်သရော်ချင်စရာပင်။ ကျွန်တော် မွန့်ကို ချစ်၏။ သို့သော် သူ့ကို မပိုင်ဆိုင်ပါ။ ထိုသို့မပိုင်ဆိုင်သော်လည်း ကျွန်တော် […]


(၁) ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်သည်။ ပြာဖြစ်ပြီးနောက် နိဗ္ဗာန်ဘုံ ပေါက်လာ၏။ သင်တို့ နေထိုင်နိုင်သည်။ ငါပစ်လွှတ်လိုက်သော ဓားပျံများသည် ဝေ့ကာဝိုက်ကာဖြင့် သင့်နှလုံးသားပေါ် တေးသီချင်းများ သီဆိုကြလိမ့်မည်။ မကြောက်ပါနှင့်။ ကဗျာဟု ငယ်သံပါအောင် ငါအော်ဟစ်ခြင်းသည် ငါ၏ မွေးရာပါ ရောဂါတစ်ခုပင်။ စွန့်လွှတ်ခြင်းသည် ပိုင်ဆိုင်ခြင်းမည်၏ဟု ပညာရှိအချို့က ဆိုကြသည်။ ထို့ကြောင့် ငါသည် အနုပညာကိုစွန့်၏။ အနုပညာက ငါ့ကို ပိုင်ဆိုင်သွားသည်။ လက်ညှိုးထိုးတိုက်ပွဲကြီး ခေတ်အဆက်ဆက် တည်တံ့ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သူငယ်ချင်းတစ်ယောက်၏ ထိုအမေးကို ငါ သူ့ကို ပြန်ပြီ လက်ညှိုးထိုးချလိုက်သည်။ သူ အဖြေသိသွားသည်။ “မာယာချင်းပြိုင် ဘယ်သူနိုင်” အစီအစဉ်ကို နေ့စဉ်တီဗွီ၌ လွှင့်၏။ ဂျာနယ်၌လည်း ပါ၏။ ထို့ပြင် ဝက်ဆိုဒ်တွင်လည်း တင်လိုက်သေးသည်။ “ရှူးပျံဖမ်းမယ်၊ ဂေါ်ဇီလာဖမ်းမယ်”ဟု […]