“ဆရာရယ် အဲသည်မိန်းမကို သမီးမပြောချင်ပါဘူး” ဆိုနင့်နင့်ထွက်ပေါ်လာတဲ့အသံနဲ့ ခေါင်းကိုခါရမ်းကာ မျက်ဝန်းကခပ်လဲ့လဲ့။ သူမစကားပြောနေတဲ့ ပုံစံက ကျွန်တော့်ရင်ဘတ်ကို စူးနင့်သွားစေသည်။ “သူသမီးတို့ကို ထပ်မတွေ့တော့ဘူးဆရာ အားလုံးနဲ့လည်း အဆက်အသွယ်ဖြတ်လိုက်တယ်။ သူမို့လို့ လုပ်ရက်တယ်ဆရာရယ်……..” သူမရဲ့စကားအဆုံးက တိမ်ဝင်သွားကာ နံရံကိုတစ်ချက်မှီလိုက်၏။ “ဖြစ်ပြီးမှတော့ဟာ ငါတို့တွေ နောက်ထပ်ဒီလိုမျိုးမဖြစ်အောင် နီးရာလက်ဆင့်ကမ်းဖို့ပဲရှိတာပေါ့” ကျွန်တော်သူမပုခုံးကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဆုံးရှုံးမှုမျိုး ကျွန်တော်နှင့်အတူ သူမပါခံစားနေရမည်ဟု ကျွန်တော်အသေအချာပြောရဲသည်။ သင်တန်းအဆင်း ကျွန်တော့် ကို နှုတ်ဆက်ကာ ခပ်ယဲ့ယဲ့ခြေလှမ်းများဖြင့် ထွက်ခွာသွားသော သူမ၏နောက်ကျော်ပြင်ကိုကြည့်ကာ ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိ၏။ အကျည်းတန်လှချိန်မှာ တိမ်ခပ်ပုပ်ပုပ်တွေနဲ့ ရွှေအိုရောင် တိမ်တိုက်တွေရောနှောကာ အစွမ်းကုန်လှပနေသည်။ ကျွန်တော်မနှစ်သက်ပါ ခပ်ပုပ်ပုပ်တိမ်ရောင်တွေနဲ့ ရောနှောထားတဲ့ ရွှေအိုရောင်တိမ်ရောင်တွေက အကျည်းတန်တောင် လှပသွားသည်ကို ကျွန်တော်မနှစ်သက် ပါ။ […]