ဆူးMay 2, 20111min24011
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော် နှစ် ၂၃၅နှစ်မြောက် တွင် ပါတလိပုတ်ပြည် (ယခု အိန္ဒိယနိုင်ငံ ပတ္တနား) အာသောကာရုံ ကျောင်းတိုက်ကြီး ၌ သျှင်မောဂ္ဂလိပုတ္တတိဿ မဟာထေရ် အကြီး အမှူးပြု၍ ရဟနာ္တတစ်ထောင် ရွှေးချယ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ကိုးလတိုင်တိုင် တတိယ သင်္ဂါယနာတင်တော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်တော်မူကြသည်။ တတိယ သင်္ဂါယနာတင်ပြီးလျှင် သျှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် နောင် အခါ မစ္စန ္တရစ် အရပ်များတွင် သာသနာတော် တည်တံ့ပြန့်ပွားထွန်းကားမည့် အကြောင်းကို အနာဂတံသ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ သာသနာတော်နှစ် ၂၃၅နှစ် မြောက် တန်ဆောင်မုန်းလပြည့်နေ့၌ ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွတ်တော်မူသည်။ ကိုးတိုင်း ကိုးဌာန သာသနာပြု ကြွရာတွင် သုဝဏဘူမိ […]