.ကျွန်မ၏အီမေးလ်ထဲကို သူတိတ်တဆိတ်လေး ဝင်ရောက်လာခဲ့သည်။ သူဆိုသည်ကတော့ ရာဇသံရွှေပေ၏ အနှစ်သန္ဓေ၊ သို့မဟုတ် ရာဇသံရွှေပေ၏အသက်ဓာတ်၊ သို့တည်းမဟုတ် ရှင်ဘုရင် အလောင်းမင်းတရား၏ ဖြစ်ရပ်မှန်သက်သေကို ဖော်ထုတ်ထားသော စာတမ်းတစ်စောင်။ .သက္ကရာဇ် ၂၀ဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr.Friedrich Hülsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာ Jacques. P. Leider ထံအကူအညီတောင်းခံလာခဲ့သည်။  Ms IV 571a  ဟုသာ မှတ်တမ်းတင်ထားခဲ့သော ထိုရွှေသားအစစ်ရွှေပေလွှာသည် ရှင်ဘုရင်အလောင်းမင်းတရားမှ ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ ပေးပို့တော်မူသော မူရင်းရာဇသံစာလွှာဆိုသည်ကို ဒေါက်တာလိုင်ဒါ တွေ့ရှိလိုက်ရပြီ။ . ရွှေအစစ်ဖြင့်ခတ်ထားသော […]