“အဲဒီကား အရမ်းကောင်းတာ။ ကြည့် ကြည့်ပါ။ တကယ်ပြောတာနော်။” ကိုင်း..ဒါဆို စပွိုင်းမပါတော့ဘူး။ အဲဒီလို တုံးတိတိကြီးကျတော့လည်း ဘယ်သူက စိတ်ဝင်စားမှာလဲ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ရွှေသွေးတစ် စောင်မှာ စိန်မျောက်မျောက်က ရုပ်ရှင်လက်မှတ်ဝယ်ဖို့ နောက်ဆုံးက တန်းမစီချင်တာနဲ့ ရုပ်ရှင်ဇာတ်လမ်းကို မဟုတ်က ဟုတ်က လျှောက် ပြောပြီး လူတွေ ထွက်သွားအောင် လုပ်တာ ဖတ်ဖူးတယ်။ ကိုယ်ကတော့ သူများ ပြောပြလေ ပိုကြည့်ချင်လေပဲ။ သို့သော် စပွိုင်း မဖြစ်အောင်တော့ ကြိုးစားရေးပါမယ်။ ဒီဇာတ်ကားကို ရုံတင်သွားတာတောင် ကြာလှပေါ့။ ကြည့်လည်း ကြည့် ဖူးကြမှာပါ။ ကိုယ်ကြိုက်တဲ့ကားမို့လို့ ညွှန်းရပါဦးမယ်။ မကြည့်ရသေး သူများအတွက်ပေါ့။ Sicario ဆိုတာ လက်တင်စကား၊ ရောမ စကားကနေဆင်းသက်လာ တာတဲ့။ […]