ကျနော် ၁ဝတန်းအောင်တဲ့အထိ လူရိုးလူကောင်းလေးပါ ….။ တက္ကသိုလ်လဲရောက်ရော .. နောင်တော့်နောင်တော်များရဲ့ သင်ပြမှုနဲ့ ဖဲရိုက်တတ်လာပါတယ် …။ ကျနော်တို့ခေတ်တုန်းကတော့ တွန်တီဝမ်း နဲ့ ရှိုးပေါ့ဗျာ ………….။ မအိပ်မနေရိုက်ကြတယ် .. ကျောင်းမတက်ဘဲနဲ့ရိုက်ကြတယ် ..။ ထိုင်ရတာဖင်တွေပူလာတော့ ဝမ်းရားမှောက်ရိုက်တယ် …………….။ အဲဒီခေတ်က အိမ်က တစ်လ ၃၀ဝ ပို့တယ် .. အဆောင်ကြေးက ၇၅ ကျပ်ထင်တာဘဲ ထမင်းလခရော လောက်တဲ့အပြင် နေ့တိုင်း ဦးချစ်ဆိုင်မှာ ထိုင်နိုင်သေးတယ် ………………………..။ ကျနော်ကတော့တခါတခါ အိမ်က ငွေဒီနေ့ရ နောက်နေ့ဆိုကုန်ပြီ ဖဲရုိုက်လို့ ……….။ ကျနော့ကံကလဲ ဖဲရိုက်တိုင်း နိုင်တယ်ကိုမရှိပါဘူး ……….။ တခါမှ ဝိုင်းကနေ နိုင်လို့ထသွားရတယ်ဆိုတာကိုမရှိဘူး …………..။ ဟိုဟာပေါင် ဒီဟာပေါင်နဲ့ တခါတခါ ပုဆိုးဝတ်စရာမရှိလို့ […]