ThuyazawMay 15, 20121min33436
ယခုတစ်ခေါက် တင်ပြချင်တာလေးကတော့ နှိမ့်ချစွာကျင့်ကြံပါဆိုတာလေးပါ……. မပျင်းမရိဖတ်ပေးမယ်ဆိုလျှင်ဖြင့် ဗဟုသတုလေးများ တိုးပွားလေမလားဆိုပီး ရိုးသားစွာ ရေးချချင်တာလေးကတော့ ဒီလိုလေးပါ……. မိမိကိုယ်ကို နှိမ့်ချပါ…..ထောင်လွှားမှုမလုပ်ပါနဲ့….မိမိကိုယ်ကို ယုံကြည်တယ်ဆိုတဲ့နေရာမှာလဲ မာန်မာနထောင်လွှားပြီး ယုံကြည်မှုရှိတာထက် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ယုံကြည်တာက ပိုပြီးအဆင်ပြေပါတယ်….. နှိမ့်ချမှုမပါဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အဓမ္မဆန်တယ်…… အတ္တများတယ်….. နိုင်လိုမင်းထက်လုပ်ရာကျလွန်းပါတယ်….. နှိမ့်ချခြင်းဟာ မြင့်မြတ်မှုအပေါင်းရဲ့ အခြေခံအုတ်မြစ်လေးပါပဲ…. အလားတူ နှိမ့်ချခြင်းဟာလဲ ကြီးကျယ်မှုအပေါင်းရဲ့ လက္ခဏာလဲ ဖြစ်ပါတယ်လို့ လူမှုပညာရှင်ကြီးတွေကဆိုထားပါတယ်….. ကောက်နှံတွေဟာ အထဲမှာ အဆံတွေပြည့်နေရင် ညွှတ်ပြီးတော့ ပျော့ပြောင်းနူးညံ့တဲ့သဘောကို ဆောင်နေတယ်…. မြန်မာစကားပုံလဲရှိပါတယ်…. ပြည့်တဲ့အိုးဟာ ဘောင်ဘင်မခတ်ဘူး တဲ့။ နှိမ့်ချတယ်ဆိုတာ ကျိုးနွံသိမ်မွေ့ပြီး မာနမထားဘဲ နေထိုင်တာကို ပြောတာပါ….. ကိုယ့်ကိုယ်ကို သေးသိမ်စေအာင် ပြောဆိုလုပ်ကိုင်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး….. ဖြူစင်ရိုးသားတဲ့ နှိမ့်ချမှုဟာ ဆွဲဆောင်မှုရှိပြီး […]