ဩဂုတ် ၁၃ရက် ကျုပ် ဒီထဲရောက်နေတာ အတော်ကြာပီ …. တိတိပပ ပြောရရင် ၂နှစ်တိတိဘဲ။ ကျုပ်လား သေဒဏ်ချခံရဖို့ စောင့်နေတာလေ။ ရှင်းရှင်းပြောရရင် တရားရုံးက ပြစ်ဒဏ်အဖြစ် ကြိုးမိန့်ကျခံစေလို့ ထုတ်ပြန်ထားပေမဲ့ အကြောင်းကြောင်းကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကအထိ ကြိုးတိုက်ထဲမှာ ရှိနေတုန်းဘဲ။ ခုဆိုရင် ကျုပ်ကို ကြိုးတိုက်ကနေအပြင်ထုတ်ပီး သီးသန့်ဆောင်မှာထားတာ ၈ရက်ရှိပီ။ သီးသန့်ဆောင် ဆိုတာထက် တယောက်ထဲ အချုပ်ခန်းထဲမှာနေရတာကို ပြောတာပါ။ တခုတော့ ကံကောင်းတယ် ပတ်ဝန်းကျင်ကို မြင်ရတယ်၊ တပတ်မှာ ၃ရက် ဟိုနားဒီနား လမ်းထွက်လျှောက်ခွင့်ရှိတယ်၊ စာဖတ်ခွင့်ရတယ် စာရေးခွင့်တော့မရဘူးတဲ့။ ရေးလဲ မရေးချင်ပါဘူး ရေးပီး ဘယ်သူ့သွားပေးရမှာတုန်း မိသားစုကလဲ ကျုပ်ကြိုးမိန့်ကျပီးကတည်းက ဘုန်းကြီးပင့်ပီး ဆွမ်းသွတ်လိုက်ပီးပီ။ ဒီနေ့ကျုပ်ကို ဝါဒင်လာခေါ်တယ် … အဲ အစောင့်အကျပ် ၄ယောက်နဲ့ဗျ။ လမ်းမှာတော့ အကျဉ်းသားတွေရဲ့ အလွန်အံဩပီး ထူးဆန်းတဲ့ […]