သားငယ္May 16, 20121min23714
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ရ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ဝင်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁ဝ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။ ” သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေဝင်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး ” ဟု ၎င်းကပြောသည်။ ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း […]