စဆရ ႀကီးAugust 14, 20121min57515
ဒီကနေ့ ကိုရင်ရှူံးတစ်ယောက် အတော်လေး လတ်လျား၊ လတ်လျားရှိနေသည်နှင့် ယခုတစ်လော အတော်လေးနာမည်ကြီးနေသော မြန်မာပြည်အနောက်ခြမ်းမှ အကယ်ဒမီဘာဘာတို့၏ ဇာတ်ဝင်ခန်းများကိုကြည့်ခြင်း၊ ငိုက်တော်အတွင်းမှ ထူးမခြားနားပါတ်ပျိုး၊ ဘုန်းတော်ဘွဲ့ချီးမွမ်းခန်းများ၊ အနုပညာရှင်များ၏ အဆိုလေးကြည့်လိုက်၊ အတီးလေးကြည့်လိုက်၊ ကမ္ဘာကျော် မုတ်ဆိတ်မွှေး မြန်မာအတင်းဌာနများ၏ ပြဇာတ်များကိုကြည့်လိုက်၊ တတိယအကြိမ်မြောက် ချစ်ခွင့်ပန်နေရခြင်းအစရှိသည်များနှင့် မအားမလပ်အောင် ရှိနေရာမှ ယနေ့တွင်မတော့ ဖွဘုတ်အတွင်းမှ ရှယ်ယာထားသည့် သတင်းတစ်ပုဒ်ကို ဝင်ဖတ်ရာမှ အတော်လေး မျက်လုံးပြူးသွားရလေသည်။ ရေးမည်၊ မရေးဘူး အကြိမ်ကြိမ်စဉ်းစားနေရာမှ နောက်ဆုံးတွင်မတော့ ကိုရင်ရှူံးအား သိရှိကြသူများမှ သို့လော သို့လော ထင်မည်လောဟု ထင်သည့်အတွက် ယခုရွာအတွင်းမှပင် ရှင်းပြလိုက်ရပါကြောင်း။ ပြောရလျင် လိုရင်းမရောက်သေးဟုထင်ပါသည်။ ယခုလို အိမ်သာပျက်ခေတ်ကြီးတွင် ကွန်ပျူတာသုံးတတ်သူတိုင်း အိမ်သာပျက်ထဲမှ မြင်မြင်သမျှ၊ တွေ့သမျှကို စိတ်ကြိုက်ဒေါင်းပြီး လုပ်ချင်ရာ လုပ်နိုင်ပါသော်ငြား ကျင့်ဝတ်လေးများတော့ […]