Kaung Kin PyarApril 6, 20121min1968
ကောင်းကင်ပြာက ငယ်ငယ်ကတည်းက ပုံပြင်တွေ ဖတ်ရတာ ဝါသနာပါပါတယ်…။ တစ်ခါတစ်လေ စာအုပ်တွေဆီက ဖတ်ရင်း…၊ တစ်ခါတစ်လေ ဆရာ၊ ဆရာမတွေပြောတာနားထောင်ရင်း တချို့ပုံပြင်တွေဆို ခုထိ ကောင်းကင်မေ့လို့မရသေးပါဘူး…။ အဲ့ဒီထဲကမှ ကောင်းကင်ပြာ ခုနှစ်တန်းနှစ်တုန်းက သချာင်္ဆရာ ဆရာဦးလှဌေးပြောပြတဲ့ ပုံပြင်တစ်ပုဒ်ကို ရွာသားတွေအတွက် အသုံးဝင်လောက်တယ်ထင်လို့ ပြန်ပြောပြလိုက်ပါတယ်နော်…။ တစ်ခါတုန်းက တောရွာလေးတစ်ရွာနဲ့နီးတဲ့ တောအုပ်လေးတစ်ခုမှ ရသေ့နှစ်ပါးတရားကျင့်နေကြပါတယ်….။ ရသေ့တစ်ပါးကို ရသေ့အေလို့ အမည်ပေးပြီး နောက်တစ်ပါးကိုတော့ ရသေ့ဘီလို့ အမည်ပေးလိုက်ရအောင်နော်…။ ရသေ့အေနဲ့ဘီဟာ အနီးက တောရွာမှာ နေ့တိုင်း ဆွမ်းခံကြွပါသတဲ့…။ ရသေ့နှစ်ပါး ဆွမ်းခံတဲ့လမ်းမှာ ချောင်းလေးတစ်ခုရှိပါတယ်…။ တစ်ရက်ကျတော့ ဆွမ်းခံပြီး ပြန်ကြွအလာ ချောင်းကမ်းစပ်မှာ မိန်းခလေးတစ်ယောက် လှလှပပပြင်ဆင်ဝတ်စားပြီး ဟိုဘက်ကမ်းကို မကူးရဲ ကူးရဲ ဖြစ်နေတယ်..။ အမှန်တော့ ချောင်းက တိမ်တိမ်လေးပါ…။ ကောင်မလေးဖြတ်ကူးလိုက်ရင် […]